အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့အတိုင်း…ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးဟာ မတည်မြဲမှုတွေနဲ့ ပြည့်နှက်နေတာပါပဲ…

မိတ်ဆွေကဒီနေ့မှာ ကုမ္ပဏီပိုင်ရှင်သူ‌ဌေးတစ်ယောက်ဖြစ်နေပေမယ့် မနက်ဖြန်မှာ မိတ်ဆွေရဲ့ ကုမ္ပဏီဒေဝါလီ(Bankrupt) ခံလိုက်ရပြီး အကြွေးရှင်တွေဆီက ပြေးရတဲ့ဘဝမရောက်နိုင်ဘူးလို့ ထင်လို့လား…?

Flat Broke ဖြစ်တယ်ဆိုတာကတော့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ဆီမှာ သုံးစရာ ပိုက်ဆံတစ်ပြားမှမရှိတော့တဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။

ဒီလိုမျိုး Flat Broke ဖြစ်သွားတဲ့အခါ၊ ဘဝမှာစဥ်းတောင်မစဥ်းစားဖူးတဲ့အရာတွေဖြစ်လာတဲ့အခါ ပြန်ရုန်းထနိုင်ဖို့က အရေးကြီးပါတယ်။

ဒီနေ့မှာတော့ Flat Broke ဖြစ်သွားတဲ့အခါ ပြန်ရုန်းထနိုင်ဖို့ အသုံးဝင်တဲ့အချက် (၅) ချက်ကို ပြောချင်ပါတယ်။

1. ဒီငွေကြေးအခက်အခဲကို မိတ်ဆွေဖြတ်ကျော်နိုင်တယ်လို့ တွေးပါ။

ဒီအခက်အခဲကို ငါ‌ကျော်ဖြတ်နိုင်တယ်လို့ ယုံကြည်ထားတဲ့အခါ တကယ်ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ သုံးစရာငွေလုံးဝမရှိတော့ဘဲ Broke ဖြစ်သွားတာဟာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချခံရတာ မဟုတ်ပါဘူး။ မိတ်ဆွေရဲ့စိတ်ကိုသာ ငါဒီအခက်အခဲကို ကျော်ဖြတ်နိုင်တယ်လို့ယုံကြည်ထားပြီး ပြန်ရုန်းထဖို့ လိုပါတယ်။

2. ကိုယ့်ကိုယ်ကို ရိုးသားပြီး ပြန်နိုးထပါ။

အမှန်တရားကို လက်ခံနိုင်ဖို့ခက်ခဲအခြေအနေ ဖြစ်ပေမယ့်လဲ ကိုယ်ဘယ်နေရာကို ရောက်အောင်သွားဖို့ ဘယ်အရာကို အရင်လုပ်ရမယ်ဆိုတာကို သိဖို့လိုပါတယ်။ ကိုယ့်မှာ အကြွေးရှိနေရင် ရှိတဲ့အကြွေးစာရင်းတွေကို အရင်လုပ်ပြီး ဘယ်လိုဆပ်မယ်ဆိုတဲ့ လမ်းကြောင်းဖန်တီးဖို့ လိုပါတယ်။

3. မလိုအပ်တဲ့ အသုံးစရိတ်တွေကို ရပ်လိုက်ပါ။

သေချာပြောရရင် အသုံးစရိတ်တွေ အကုန်လုံးကို ရပ်လိုက်ပါ။ ‌ငွေသုံးတာတွေကို ရပ်လိုက်ပြီးတော့ ကိုယ်မလိုအပ်ဘဲ သုံးခဲ့တဲ့အသုံးစရိတ်တွေကို တွက်ကြည့်ပါ။ ‌မလိုအပ်ဘဲ သုံးခဲ့တဲ့အသုံးစရိတ်တွေ အများကြီးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ နောက်တစ်ခါ အဲ့ဒီအသုံးစရိတ်တွေကို ထပ်မသုံးဖြစ်အောင် ဂရုစိုက်ပါ။

4. အသိပညာတွေ ဖြည့်ပါ။

ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတဲ့ အသိပညာတွေ၊ ကိုယ့် Personal, Professional, Business Development နဲ့ဆိုင်တဲ့ ပညာတွေ ဖြည့်ပါ။ ဒါက မိတ်ဆွေကို Flat Broke ဖြစ်နေတဲ့ အခြေအနေကနေရုန်းထဖို့ အကောင်းဆုံးကူညီပေးပါလိမ့်မယ်။

5. ရည်မှန်းချက်ပန်းတိုင်တွေကို ပြန်ဆန်းစစ်ပါ။

ကိုယ့်မှာ ရည်မှန်းချက်ပန်းတိုင်မရှိဘူးဆိုရင်လဲ ကိုယ်‌ရောက်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို သတ်မှတ်ပါ။ ကိုယ်ချထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ဘယ်လိုလုပ်ရမလဲ၊ ဘာတွေလိုအပ်လဲဆိုတာကို လေ့လာ၊ ဆန်းစစ်ပြီး ရောက်အောင်ကြိုးစားပါ။

ဒီအချက် (၅) ချက်က မိတ်ဆွေသုံးစရာငွေလုံးဝမရှိတော့လောက်တဲ့အထိ Flat Broke ဖြစ်သွားတဲ့အခါ ပြန်ရုန်းထဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

မိတ်ဆွေရော သုံးစရာငွေလုံးဝမရှိတော့လောက်တဲ့အထိ Flat Broke ဖြစ်ခဲ့ဖူးလား..? ဘယ်လိုရုန်းထခဲ့ရလဲ…? ဆိုတာတွေကို “Comment” မှာ ဆွေးနွေးသွားပါဦး…။

Leave a Reply

Your email address will not be published.