ဟင်းသီးဟင်းရွက်တွေက ဈေးနှုန်းချိုသာပြီး အာဟာရတန်ဖိုးများပြားစွာပါဝင်ပေမယ့် လူတော်တော်များများက တန်ဖိုးမထားကြပါဘူး။ တကယ်တော့ ဟင်းသီးဟင်းရွက်တွေကခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့အပြင် ဦးနှောက်အတွက်အကောင်းဆုံးအစားအစားတွေဖြစ်ပါတယ်။

အထူးသဖြင့် အစိမ်းရောင်ဟင်းသီးဟင်းရွက်(ဆလတ်ရွက်၊ ဂေါ်ဖီထုပ်) တွေမှာ သကြားဓာတ်ပါဝင်မှုနည်းပါးပြီး ဦးနှောက်နဲ့ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ Vitamins နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာပါဝင်တဲ့ အာဟရဓာတ်တစ်မျိုးက folate လို့ခေါ်တဲ့ ဗီတာမင်တစ်မျိုးပဲဖြစ်ပါတယ်။ အဲဒီဗီတာမင်က သန္ဓေသားဘဝမှာ ခန္ဓာကိုယ်ချို့ယွင်းချက်မဖြစ်အောင်ကာကွယ်ပေးနိုင်ပြီး အရွယ်ရောက်တဲ့အခါမှာလည်း ခန္ဓာကိုယ်တွင်းရှိအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

နောက်ထပ် ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ သတ္တုဓာတ်တစ်မျိုးကတော့ Magnesium ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်းက အင်ဇိုင်း (enzyme) သုံးရာကျော်က Magnesium အပေါ်မှီခိုနေရပါတယ်။ အင်ဇိုင်းတွေက ခန္ဓာကိုယ်အတွက် စွမ်းအင်ထုတ်လုပ်ဖို့၊ ကင်ဆာနဲ့အရွယ်မတိုင်ခင် ဦးနှောက်အိုမင်းရင့်ရော်မှုကိုဖြစ်စေတဲ့ DNA ပျက်စီးမှုတွေကိုပြုပြင်ပေးဖို့အတွက် အရေးပါ၊ပါတယ်။

ကျွန်တော်တို့ရဲ့ကျန်းမာရေးနဲ့ စွမ်းဆောင်ရည်တွေ အကောင်းဆုံးမှာရှိနေဖို့အတွက် Magnesium ဓာတ်များများရရှိဖို့လိုအပ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ လူဦးရေရဲ့ ၅၀ % က Magnesium ဓာတ်လုံလုံလောက်လောက်မရရှိကြပါဘူး။ ဒါပေမယ့် အစိမ်းရောင်ဟင်းသီးဟင်းရွက်တိုင်းက Magnesium ဓာတ်ပေါများပါတယ်။ ဒါကြောင့် နေ့တိုင်းသာ ဟင်းသီးဟင်းရွက်တွေကိုစားသုံးပေးမယ်ဆိုရင် Magnesium ဓာတ်လိုအပ်ချက်ရှိမှာမဟုတ်တော့ပါဘူး။

ဒါ့ပြင် ဟင်းသီးဟင်းရွက်တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အသား/ငါးမှာပါဝင်မှုနည်းပြီး အသီးအနှံတွေမှာပဲအများဆုံးတွေ့ရတတ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဦးနှောက်နဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးတဲ့အတွက် အရွယ်မတိူင်ခင် ဦးနှောက်အိုမင်းတာကို တားဆီးပေးပါတယ်။

အခုဆိုရင် မိတ်ဆွေတို့အနေနဲ့ ဟင်းသီးဟင်းရွက်တွေက ဦးနှောက်အတွက် ဘယ်လိုအကျိုးပြုတယ်ဆိုတာ သိသွားပြီလို့ထင်ပါတယ်နော်။ မိတ်ဆွေတိူ့ရော ဟင်းသီးဟင်းရွက်ကြိုက်ကြလား?

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta

Leave a Reply

Your email address will not be published.