—————————————————————————

စာဖတ်ဖို့ အချိန့်လုနေရတာကလဲ ကျွန်တော်တို့ ခဏခဏ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုပါပဲ။

ဖတ်ဖို့ ပြင်ဆင်ထားတဲ့ စာအုပ်တွေက Waiting-List ထဲမှာ တသီတတန်းကြီးရှိနေပြီး နောက်ထပ် အသစ်ထွက်လာတဲ့ စာအုပ်တွေကလဲ အများကြီးရှိနေတဲ့ ဒီလို ခေတ်ကြီးမှာပေါ့။

အစက ထင်ထားခဲ့ကြတာကတော့ မိုးရွာတဲ့ ရက်လေးတွေဆိုရင် စာအုပ်လေးတစ်အုပ် ကော်ဖီလေးတစ်ခွက်နဲ့ ညနေခင်းလေးကို ဖြတ်သန်းမယ်။ နွေရာသီမှာဆို အအေးလေး တစ်ခွက်နဲ့ပေါ့။

ဒါပေမဲ့ တကယ်တမ်းမှာတော့ စာဖတ်ဖို့ အချိန်ကို စောင့်ဆိုင်းရင်း ညနက်သွားတာနဲ့ ဖတ်ရင်း ဖတ်ရင်း မနက်ထိ ရောက်သွားတာမျိုး၊ နောက်နေ့ကျရင် အိပ်ရေးမဝဘဲ ပင်ပန်းနေတာမျိုးတွေပဲ ကြုံနေတတ်ကြတာပါ။

အစတုန်းက စာဆိုတာ အချိန်ပေး ဇိမ်နဲ့ ဖတ်မှပဲ ရမယ်လို့ ထင်ခဲ့တာကိုး။ ဒါပေမဲ့ အချိန်မှတ်ပြီးစာဖတ်တဲ့ နည်းလမ်းတစ်ခုကို စမ်းကြည့်ခဲ့ပါတယ်။

ဒါကတော့ ဖုန်းမှာ မိနစ် ၂၀ စာ အချိန်သတ်မှတ်ပြီး စာဖတ်ကြည့်တာပါ။ အလုပ်တွေ စမလုပ်ခင်၊ ဖုန်းမှာ Alarm ပေးပြီး စားပွဲမှာထိုင် စာဖတ်ကြည့်ခဲ့ပါတယ်။

နောက်ပြီး နေ့လည်စာစားပြီးတော့ မိနစ် ၂၀ လောက် ထပ်ပြီး စာဖတ်ခဲ့ပါတယ်။ နောက်ဆုံး ညဘက် အိပ်ရာမဝင်ခင် မိနစ် ၂၀ ပေါ့။ ဒီလို အချိန်နည်းနည်းပဲ ပေးပြီးဖတ်တာက တစ်ခါတည်း အိပ်ရေးပျက်ခံပြီး ဖတ်လိုက်တာထက် အာရုံပိုစိုက်နိုင်သလို ကိုယ့်အတွက်လဲ ဖတ်ထားသမျှကို ပိုမှတ်မိသလိုပါပဲ။ ဦးနှောက်ရဲ့ အကောင်းဆုံး မှတ်မိနိုင်စွမ်းက မိနစ် ၂၀ ကိုး။

ဖုန်းဆိုတာက အာရုံလွင့်ပါးစရာတွေနဲ့ ပြည့်နေတတ်တဲ့အတွက်ကြောင့် ဒီလို နည်းလမ်းနဲ့ စာဖတ်မယ်ဆိုရင် အချိန်သတ်မှတ်ဖို့အတွက် ကူညီပေးနိုင်တဲ့ ကိရိယာလေးတစ်ခုရှိပါတယ်။ အီတလီလို ခရမ်းချဥ်သီး (Pomodoro) ကို အစွဲပြုပြီး ခေါ်ထားတဲ့ Timer လေးပါ။

ဒါကတော့ ၁၉၈၀ နှောင်းပိုင်းက တက္ကသိုလ် ကျောင်းသားတစ်ယောက်ဖြစ်တဲ့ စာရေးဆရာ Francesco Cirillo က တီထွင်ခဲ့တဲ့ Pomodoro နည်းလမ်းပါ။ စာလေ့လာတဲ့အခါမှာ အာရုံလွင့်စရာတွေကို ဖယ်ရှားပြီး အာရုံစိုက်နိုင်ဖို့အတွက် ကူညီပေးခဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။

ဒီလိုမျိုး ကြာချိန်အနည်းငယ်ခွဲခွဲပြီး ဖတ်တဲ့အတွက် တစ်ရက်ကို အနည်းဆုံး တစ်နာရီလောက် ဖတ်ပြီးသား ဖြစ်သွားပါတယ်။ မနက်ခင်းမျိုးမှာ တိုးတက်ရေးစာအုပ်တွေကို ဖတ်ရတာ ပိုပြီး သင့်တော်ပါတယ်။

Dream Lab အနေနဲ့လဲ စာအုပ်တစ်အုပ်ကို မိနစ် ၂၀ လောက် အချိန်ပေးပြီး ဖတ်ရုံနဲ့ စာအုပ်တစ်အုပ်လုံးရဲ့ အဆီအနှစ်တွေကို ခြုံငုံပြီးသိနိုင်အောင် အနှစ်ချုပ်ပေးထားတာလဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ် အားလပ်တဲ့ အချိန် ခဏလေးမှာ အာရုံစိုက်ပြီး ဖတ်လိုက်ရုံနဲ့ အိုင်ဒီယာတွေကို စုဆောင်းနိုင်စေမှာပါ။

Dream Lab

Leave a Reply

Your email address will not be published.