တခါတလေဖြစ်ဖူးကြတယ်မလား။
ဘာကြောင့်မှန်းမသိဘဲ isolatedဖြစ်နေသလိုခံစားရတာ။
ကိုယ့်ဘေးမှာရှိနေတဲ့သူတွေနဲ့ connection မရှိနေတာ၊ ဝေးကွာနေသလိုဖြစ်နေတာ။
ဒီလို အထီးကျန်နေတာ တခါတလေဆ်ိုရင် ပြဿနာမရှိနိုင်ပေမဲ့ ရေရှည်မှာဆိုရင် mental health ရော physical health ပါ ထိခိုက်စေတယ်။
(၁) အထီးကျန်တာကနေ ကျန်းမာရေးအတွက် မကောင်းတဲ့ habitတွေကို ပိုပြီးပြုမူစေတယ်။
သုတေသနလေ့လာချက်တွေအရ အထီးကျန်တတာမျိုးမရှိတဲ့သူတွေက အထီးကျန်သူတွေထက် လေ့ကျင့်ခန်းပို လုပ်ဖြစ်တယ်ဆိုပြီး တွေ့ရတယ်။
ဒါ့အပြင် အထီးကျန်တဲ့သူ ၄၃% က အစားအလွန်အကျွံစားမိပြီး၊ ၃၄% က ဆေးလိိပ်သောက်တာ၊ ၂၁% က အရက်သေစာသောက်စားတာမျိုး လုပ်တတ်ကြတယ်။
(၂)အိပ်ချိန်ကို အနှောင့်အယှက်ဖြစ်စေတယ်။
Lonelinessက အိပ်ရေးမဝတာ၊ အိပ်ခါနီးအနှောင့်အယှက်ဖြစ်တာမျိုးကို များစေတယ်။
ဒါကြောင့်လည်း ကျွန်တော်တို့က ကိုယ်စိတ်လုံခြုံတယ်၊ နွေးထွေးတယ်လို့ မခံစားရတဲ့နေရာမှာ ကောင်းကောင်းအိပ်မပျော်တာလို့ သုတေသီတွေက ဆိုကြတယ်။
(၃)နှလုံးကျန်းမာရေးကို ထိခိုက်စေတယ်။
BMJ Journals of Heart မှာပြုလုပ်ထားတဲ့ analysis တစ်ခုအရ အထီးကျန်တာက နှလုံးကျန်းမာရေးထိခိုက်နိုင်ချေကို ၂၉%လောက်တိုးစေပြီး လေဖြတ်နိုင်ချေ ၃၂%ပိုများစေတယ်လို့ ဆိုတယ်။
ဒါ့ပြင် blood pressure ကိုတိုးစေတာ၊ depression ဖြစ်နိုင်ချေများတာ၊ dementia ဖြစ်စေတာ၊ အသက်ရှည်နှုန်းလျော့ကျစေတာ စသည်ဖြင့်လည်း ရေရှည်ဆိုးကျိုးတွေရှိနေတယ်။
ဒါကြောင့် မိတ်ဆွေ အမြဲကိုယ့်ကိုယ်ကို ဆန်းစစ်ဖို့မမေ့နဲ့။
လူတွေနဲ့ နေရတာများရင် energy ပြန်recharge ဖို့လိုသလိုပဲ အထီးကျန်ဆန်တာမျိုးမဖြစ်အောင် social life မှာ နေထိုင်တတ်ဖို့ အရေးကြီးတယ်။
ကိုယ့်ရဲ့ စိတ်ကျန်းမာရေးက လုပ်တဲ့အလုပ်ပေါ်မှာရော ကိုယ့်အပေါ်မှာပါ အများကြီး အကျိုးသက်ရောက်စေတယ်။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr.Thuta