မိတ်ဆွေက အလုပ်လုပ်နေတာပဲဖြစ်ဖြစ်
ကျောင်းသားပဲဖြစ်ဖြစ်
ကိုယ့်ကိုကိုယ် အားမရတာ၊ အလုပ်လုပ်တဲ့အခါ ပိုပြီး productive ဖြစ်ချင်တဲ့ အချိန်ရှိကြမှာပါ။
အမြဲ productive ဖြစ်နေတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင် လက်တွေ့လေ့လာချက်တွေအရ ဒီအချက်တွေကို အမြဲလိုက်နာဖို့ လိုတယ်။
မနက်စောစောမှာ လုပ်လေ့လုပ်ထရှိတဲ့ routine သတ်သတ်မှတ်မှတ်ချပါ။
တော်တော်များများက မနက်ပိုင်းမှာ ဖုန်းစစ်တာ၊ အချိန်မီမနိုးတာစတာတွေကြောင့် self-esteem ကျစေပြီး တစ်နေကုန် လုပ်ရကိုင်ရတာ အလုပ်မတွင်ကျယ်တာမျိုးတွေ့ရတတ်တယ်။ ဒါကြောင့် မနက်ပိုင်းမှာ ရေသောက်တာ၊ breathing exercise (5)မိနစ်လောက်လုပ်တာ စသည်ဖြင့် routine တည်ဆောက်ထားဖို့လိုတယ်။
လုပ်ချင်တာနဲ့ လုပ်သင့်တာကို ခွဲထားဖို့ လိုတယ်။
တစ်နေ့တာ ဘာမှစမလုပ်ခင် ဒီနေ့ပြီးကိုပြီးရမဲ့အလုပ်တွေ၊ ပြီးသင့်တဲ့ အလုပ်တွေကို priority ထားပြီး goal ချဖို့လိုတယ်။ ကိုယ်ချမဲ့goal ကလည်း SMART goal ဖြစ်ဖို့လိုတယ်။ ကျွန်တော်တို့မှာ တွေ့ရတဲ့ပြဿနာက to-do-list တော့လုပ်တယ်၊ ဒါပေမဲ့ မပြီးတာများပြီး အလုပ်မဖြစ်ကြတာပါပဲ။ ဒါကြောင့် လုပ်ချင်တာနဲ့ လုပ်သင့်တာကို မျှမျှတတနဲ့ ဖြစ်နိုင်တဲ့ goal ချဖို့အရေးကြီးတယ်။
အမြဲ healthy ဖြစ်အောင်စားသောက်နေထိုင်ပါ။
အလုပ်လုပ်တဲ့အခါ active ဖြစ်အောင် caffeine ဓာတ်၊ သကြားဓာတ်တွေ စားတာထက် အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာ၊ အသီးအနှံတွေကိုစားသင့်တယ်။ ဒီလိုအစားအစာတွေကပဲ ရေရှည် ဦးနှောက်ရဲ့ function တွေကို အထောက်အကူပြုစေတယ်။
ဒါ့အပြင် လှုပ်လှုပ်ရှားရှားနေဖြစ်အောင် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း gym သွားမှမဟုတ်ဘဲ habit stacking လို့ခေါ်တဲ့ အလုပ်တစ်ခုနဲ့တစ်ခုကြားမှာရတဲ့ အချိန်တွေမှာ လေ့ကျင့်ခန်းလုပ်လိုက်တာ၊ လမ်းလျှောက်တာမျိုးတော့ အနည်းဆုံး လုပ်သင့်တယ်။
ဒီနည်းလမ်းတွေက လွယ်မလိုနဲ့ ခက်တဲ့အတွက် အချိန်ပေးပြီး အလေ့အကျင့်လုပ်ဖို့တော့ လိုတယ်။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta