တစ်ခါတစ်လေ ဘာလို့မှန်းမသိဘဲ အချိန်တွေကုန်သွားပေမဲ့ အလုပ်မပြီးတာ၊ ပင်ပန်းနေတာမျိုးကြုံဖူးကြတယ်မလား။

ဒီလိုဘာကြောင့်ဖြစ်လဲဆိုတာကို ကျွန်တော်တို့သေချာတွေးဖို့ မေ့နေကြတယ်။

ပြဿနာတွေက ပြင်ပထက် ကိုယ့်ရဲ့ response နဲ့ လုပ်ရပ်ပေါ် ပိုမူတည်တယ်။

ဒါကြောင့် productivity တွေကျဆင်းနေတယ်ဆိုတဲ့ပြဿနာကို ကိုယ်ကပဲ ဒီအချက်တွေလုပ်ကြည့်ပြီး စပြင်လိုက်ပါ။

🌟အလုပ် ဒါမှမဟုတ် နေအိမ် ပတ်ဝန်းကျင်က ရှုပ်နေတာမျိုး၊ မွန်းကြပ်စေတဲ့အပြင်အဆင်မျိုးကို အရင်ရှင်းထုတ်လိုက်ပါ။

🌟ကျွန်တော်တို့နေ့စဉ်စားသောက်တဲ့ အာဟာရဓာတ်တွေက ဇီဝကမ္မဖြစ်စဉ်တွေအတွက်သုံးပြီး ပိုလျှံတဲ့ energy တွေကုန်အောင် ရှင်းထုတ်ဖို့လိုတယ်။ ကိုယ်ခန္ဓာလှုပ်ရှားမှု လုပ်ပြီး မလိုအပ်တဲ့ energy တွေသုံးပြီးတဲ့အခါ ကိုယ်ခန္ဓာရောစိတ်ကကပါ ပေါ့ပါးလာတဲ့အတွက် ပိုပြီးလည်းအလုပ်တွင်လာတတ်တယ်။

🌟multitasking လုပ်တာက ပိုပြီး အချိန် save ဖြစ်တယ််ဆိုတဲ့ အတွေးနဲ့ multitasking လုပ်တဲ့အကျင့်ကို ရှင်းထုတ်လိုက်ပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့ စိတ်က multitasking ကို အချိန်ကြာကြာလုပ်ဖို့ တည်ဆာက်ထားတာ လုပ်ထားတာမျိုးမဟုတ်ဘူး။ multitasking လုပ်တာ ကျွန်တော်တို့ကို ပင်ပန်းသင့်တာထက် အဆများစွာ ပိုပင်ပန်းစေတယ်။

ဒီအချက်တွေကပြင်ဖို့ လွယ်မယောင်နဲ့ ခက်တဲ့အတွက် ကိုယ်နဲ့ ကိုက်မယ်ထင်ထားကို ရေရှည်စွဲပြီး လေ့ကျင့်ဖို့ အကြံပေးချင်ပါတယ်။

မိတ်ဆွေတို့ရော productivity ကို အဟန့်အတားဖြစ်စေတဲ့ ဘယ်လို အမှိုက်တွေ ကြုံတွေ့နေရလဲ။ ဘယ်လိုဖြေရှင်းဖို့ရော ကြိုးစားနေကြလဲ ပြောပြပေးပါဦး။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *