Energy drinks တွေက အိပ်ငိုက်ပြေစေတယ်၊ လန်းဆန်းစေတယ်ဆိုပြီး သောက်နေမိတဲ့သူတွေထဲမှာ မိတ်ဆွေရောပါလား။
ဒါဆိုရင် energy drinks ရဲ့ ဆိုးကျိုးတွေ သိဖို့လိုပြီ။
နှလုံးခုန်နှုန်း၊ သွေးဖိအားကို မြင့်တက်စေတယ်။
အိပ်မပျော်တာ၊ စိုးရိမ်ပူပန်များတာတွေ ဖြစ်စေတယ်။
ရေဓာတ်ခမ်းခြောက်တာ၊ ကောင်းကောင်းအနားယူလို့မရတာမျိုးဖြစ်စေတယ်။
ရေရှည်မှာဆို…
ခန္ဓာကိုယ်အတွင်း ဇီဝရုပ်ဖြစ်ပျက်မှု (metabolism) တွေ ကမောက်ကမ ဖြစ်စေတာမျိုး
ကိုလက်စရော(cholesterol)မြင့်တက်တာ
ကိုယ်တွင်းသကြားဓာတ်နဲ့ အလေးချိန်မြင့်တက်တာမျိုးအပြင်
တခြား ကျန်းမာရေး ပြဿနာတွေပါဖြစ်စေတယ်။
ဒါကြောင့် အလုပ်လုပ်ရင်းပင်ပန်းလာတယ်၊ လန်းလန်းဆန်းဆန်းဖြစ်ချင်တယ်ဆိုရင်
Energy drinks အစား….
သံပုရာရည်၊ မုန်လာဥဖျော်ရည်၊ လိမ္မော်ရည် စသည်ဖြင့် အသီးနဲ့ဖျော်ထားတဲ့ juice တွေကိုသာ သောက်ဖို့ အကြံပေးချင်တယ်။
မိတ်ဆွေတို့ရော energy drinks တွေကို အများကြီး သောက်နေမိတဲ့ သူတွေထဲမှာပါလား။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta