——————————

ဒီဘက်ခေတ်မှာ Social Media လိုမျိုး စိတ်အာရုံပြန့်လွင့်စရာတွေကြောင့် ညအိပ်ရာဝင်နောက်ကျတာ၊ အိပ်မပျော်တာ၊ အိပ်ရေးမဝတာမျိုးတွေ ကြုံလာကြရပါတယ်။

အိပ်ကာနီး Blue Light လျှော့ချတာ၊ Sleeping Music နားထောင်တာ စတဲ့ နည်းလမ်းတွေနဲ့ အိပ်စက်ချိန်ကို ဂရုစိုက်နေကြရပါတယ်။

ဒီထဲမှာ စာအုပ်ဖတ်တာကလဲ အိပ်ပျော်စေဖို့၊ အိပ်ရေးဝစေဖို့အတွက် လုပ်သင့်တဲ့ အချက်တစ်ချက်ပါပဲ။ ဘာကြောင့် အိပ်ကာနီး စာအုပ်ဖတ်သင့်လဲဆိုရင်…

✅ စာအုပ်ဖတ်ခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

ညအချိန် အိပ်ကာနီးမှာ စိတ်ပူပန်စရာတွေ၊ စိတ်ဖိစီးမှုတွေကို တွေးမိပြီး အိပ်မပျော်ဖြစ်စေပါတယ်။ စာအုပ်ဖတ်နေလိုက်တာက တခြားကိစ္စတွေကို ခဏတာမေ့သွားစေပြီး စာအုပ်ထဲမှာ အာရုံစိုက်စေတဲ့အတွက် ပူပန်စရာတွေကို လျော့ကျစေပြီး အိပ်ပျော်စေမှာပါ။

✅ စာဖတ်ခြင်းက မျက်လုံးညောင်းစေပါတယ်။

စာဖတ်တဲ့အချိန်မှာ မျက်လုံးရဲ့ ကြွက်သားတွေကို အသုံးပြုပြီး အသေးစား ရွေ့လျားမှု‌လေးတွေပြုလုပ်ရပါတယ်။ ဒီတော့ အချိန်ကြာလာတာနဲ့အမျှ မျက်လုံးကြွက်သားတွေ ညောင်းလာပြီး မျက်လုံးတွေ မှိတ်ကာ အိပ်ပျော်စေမှာပါ။

အိပ်ကာနီး အချိန်မှာ ခန္ဓာကိုယ် ကြွက်သားတွေကို လေ့ကျင့်ခန်း မလုပ်သင့်ပေမဲ့ မျက်လုံးလေ့ကျင့်ခန်းဖြစ်တဲံ စာဖတ်တာကတော့ အိပ်‌ပျော်စေပါလိမ့်မယ်။

✅ ကောင်းကောင်း အိပ်ပျော်စေပါတယ်။

အိပ်ချိန် မလုံလောက်တာက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ မအိပ်ခင်မှာ နာရီဝက်လောက် စာဖတ်ခြင်းက မျက်စိကြောင်ပြီး အိပ်မပျော်တာကို ကာကွယ်ပေးတဲ့အပြင် အိပ်ချိန်လုံလုံ‌လောက်လောက် ရရှိစေနိုင်ပါတယ်။ နောက်ပြီး အိပ်စက်နေချိန်အတွင်းမှာ ကောင်းကောင်းအိပ်စက်နိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။

သတိထားရမယ့် အချက်လေးတွေကတော့….

🔸 ကိုယ်ဖတ်မယ့် အကြောင်းအရာကို သေချာရွေးချယ်ရပါမယ်။

အိပ်‌စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်တဲ့ စိတ်ခံစားချက်ကို ထိခိုက်စေတဲ့ အကြောင်းအရာထက်စာရင် စိတ်ကိုဖြေလျော့စေတဲ့ စာ၊ ကိုယ့် ဦးနှောက်အတွက် အကျိုးရှိစေတဲ့ စာမျိုးကို ရွေးချယ်ဖတ်သင့်ပါတယ်။

🔸 ဖိအားမပေးပါနဲ့။

ကိုယ်က အမြဲလိုလို မျက်လုံးကြောင်နေတယ်၊ ပုံမှန်မဟုတ်ဘဲ ကျန်းမာရေးထိခိုက်နေတာမျိုးဆိုရင်တော့ စာဖတ်တာကလဲ ကူညီပေးနိုင်ဖို့ မသေချာပါဘူး။ ဆေးခန်းပြဖို့ကိုသာ ပိုပြီး အာရုံစိုက်သင့်ပါတယ်။

🔸 ဖုန်းတွေ၊ Tablet တွေနဲ့ မသက်ဆိုင်ပါဘူး။

အိပ်မပျော်တာ Blue Light ကြောင့်ဆိုပြီး ပြောတတ်ကြပါတယ်။ ဒါပေမဲ့ တစ်နေ့တာမှာ လုံလောက်တဲ့ နေရောင်ခြည်နဲ့ ထိတွေ့ပြီးရင် Screen တွေနဲ့ စာဖတ်တာကြောင့် မျက်လုံးအားစိုက်ရတာနဲ့ တကယ့်စာအုပ်ကို ဖတ်သလို အားစိုက်ရတာနဲ့ သိပ်မကွာပါဘူး။ ဒါကိုမှ စိတ်ပူနေသေးရင် Blue Light ကို စစ်ထုတ်ပေးတဲ့ မျက်မှန်တွေကို အသုံးပြုလို့ရပါတယ်။ နောက်ပိုင်း Device တွေမှာ Night Mode လိုမျိုး Function တွေ ပါပါလာပြီဖြစ်တဲ့အတွက် စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်။

ဒါကြောင့် အိပ်ကာနီး အချိန်ကို ကောင်းကောင်းအသုံးချချင်တယ်ဆိုရင် ကောင်းကောင်း အိပ်ပျော်စေပြီး အိပ်ရေးလဲ ဝစေနိုင်တဲ့ စာဖတ်ခြင်းက အကောင်းဆုံး Activity တစ်ခုပါပဲ။

Dream Lab

Leave a Reply

Your email address will not be published. Required fields are marked *