တစ်နေ့တာမှာ လူတွေမဖြစ်မနေ နားဖြစ်ကြတာက အိပ်ချိန်လို့ ပြောရင် မမှားဘူး။
ဒါပေမဲ့ တခါတလေ စိတ်ဖိစီးတာကြောင့်ဖြစ်ဖြစ်၊ တခြားကျန်းမာရေးပြဿနာ ကြောင့်ဖြစ်ဖြစ် အိပ်မပျော်တာမျိုး ဖြစ်ဖူးကြမယ်ထင်တယ်။
အိပ်ဆေးသောက်တာမျ်ိုးက ရေတိုမှာ အဆင်ပြေပေမဲ့ ရေရှည်မှာ ဆိုးကျိုးတွေရှိတဲ့အတွက်…
အိပ်ရေးကို အထောက်အကူ ပြုစေတဲ့ တရားထိုင်နည်း(၃) မျိုးကို သိထားသင့်တယ်။
(၁) Mindfulness meditation
Mindfulness meditation က လက်ရှိအခြေအနေပေါ်မှာ အာရုံစုစိုက်ပြီး စိတ်ကို အတတ်နိုင်ဆုံး ပစ္စုပ္ပန်မှာ ထားတာမျိုးပါ။
တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်တည်းထိုင်ပြီး အသက်ရှူသွင်းရှူထုတ်တာကို အာရုံစိုက်တာမျိုးကလည်း mindfulness meditation တစ်မျိုးပါပဲ။
(၂)Guided Meditation
Guided meditation ကတော့ ကိုယ့်စိတ်ကို စုစည်းနိုင်အောင် တစ်စုံတစ်ယောက် က guideline ပေးနေတာ၊ ပြောပြပေးနေတာမျိုးပါ။
Online Channel တွေဆီက အလုပ်ပေးဝိဿနာတရားနာတာတို့၊ meditation နဲ့သက်ဆိုင်တဲ့ video တွေကို နားထောင်တာမျိုးဆို guided meditation မျိုးပါ။
(၃)Body Scan Meditation
Body scan meditation က ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ၊ နာကျင်နေတဲ့နေရာမျ်ိုးတွေကို အာရုံစိုက်ပြီး နေတာမျိုးပါ။
ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပျက်မှုတွေ၊ အထိအတွေ့တွေကို အာရုံပြုတာက အနားယူတာမျိုးဖြစ်စေတဲ့အပြင် အိပ်ပျော်ဖို့ အထောက်အကူပြုတယ်။
တရားထိုင်တာက အိပ်ရေးကိုအထောက်အကူပြုတဲ့အပြင် အလေ့အကျင့်ကောင်းတစ်ခုဖြစ်တာကြောင့် မိတ်ဆွေတို့ကို လက်တွေ့လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta