မိတ်ဆွေအိမ်ထဲက ငွေတွေကို လူမသိ၊သူမသိ ခိုးနေတဲ့ အိမ်တွင်းသူခိုးကို မဖမ်းနိုင်ရင် မိတ်ဆွေဘယ်လောက် ငွေရှာရှာ ချမ်းသာလာမှာမဟုတ်ပါဘူး…

အိမ်တွင်းသူခိုးဆိုတာကတော့ မိတ်ဆွေရဲ့ မများပါဘူးဆိုပြီး မထင်မှတ်ဘဲသုံးလိုက်တဲ့ အသေးစားအသုံးစရိတ်တွေပဲ ဖြစ်ပါတယ်။

အိမ်တွင်းသူခိုးကို အလွယ်ဆုံးနဲ့ အထိရောက်ဆုံးဖမ်းနိုင်မယ့်နည်းကတော့ မိတ်ဆွေရဲ့ အသုံးစရိတ်တွေကို Tracking လိုက်တဲ့ နည်းလမ်းပါပဲ။

Tracking လိုက်တယ်ဆိုတာကတော့ ကိုယ့်ဝင်ငွေတွေ၊ ကိုယ့်သုံးလိုက်တဲ့ အသုံးစရိတ်တွေတိုင်းကို မှတ်ထားတာကိုပြောတာဖြစ်ပါတယ်။

ကိုယ့်ဝင်ငွေ ဝင်လာတိုင်း၊ တစ်ခုခုဝယ်ဖို့ ပိုက်ဆံသုံးလိုက်တိုင်း ဘယ်နေ့မှာဘာအတွက် ပိုက်ဆံဘယ်လောက် သုံးလိုက်တယ်ဆိုတာကို ရေးမှတ်ထားဖို့ လိုပါတယ်။

ဥပမာ-

1 June 2022 – Salary (+300000)

2 June 2022 – Wifi Bill Payment (-40000)

စသည်ဖြင့်မှတ်ထားတာမျိုးကို ပြောတာဖြစ်ပါတယ်။

ဒီလိုမှတ်ဖို့ အခုလိုနည်းပညာခေတ်ကြီးမှာတော့ စာအုပ်တစ်အုပ်ကို နေရာတိုင်း သယ်သွားစရာမလိုတော့ပါဘူး။ Spending Tracker တို့ Money Lover တို့လို Application တွေသုံးပြီး ကိုယ်ရဲ့ ဝင်ငွေနဲ့ အသုံးစရိတ်တွေကို မှတ်ပြီး တွက်ချက်လို့ရပါတယ်။

ဒီလိုမျိုး အသုံးစရိတ် Tracking လိုက်တဲ့အခါ အသုံးစရိတ်သေးသေးလေးတွေ (ရေသန့်ဗူး – ၄၀၀ကျပ် စသည်ဖြင့်) ကိုပါ မကျန်အောင်မှတ်ဖို့ လိုပါတယ်။

ဒီလိုမျိုး အသုံးစရိတ်ကို Tracking လုပ်ထားပြီး လကုန်တိုင်းမှာ အိမ်တွင်းသူခိုးလို့ခေါ်တဲ့ မလိုအပ်ဘဲ သုံးလိုက်တဲ့ အသုံးစရိတ်တွေကို စိစစ်ပြီး နောက်တစ်ခါ မသုံးဖြစ်အောင် ဂရုစိုက်တဲ့အခါ ငွေပိုတွေထွက်လာပါလိမ့်မယ်။

ဒီနည်းလမ်းက အိမ်တွင်းသူခိုးကို ဖမ်းနိုင်ပြီး ကိုယ့်ရဲ့ လစဉ်ပုံမှန်ဝင်ငွေနဲ့ထွက်ငွေကို သိနိုင်တဲ့အတွက် တစ်လကိုငွေဘယ်လောက်သုံးမယ်၊ ဘယ်လောက်စုမယ်၊ ဘယ်လောက်ရင်းနှီးမြှုပ်နှံမယ်ဆိုပြီး Budgeting လုပ်တဲ့အခါမှာလဲ အသုံးဝင်ပါတယ်။

မိတ်ဆွေရော ကိုယ့်အိမ်မှာရှိနေတဲ့ အိမ်တွင်းသူခိုးကို ဖမ်းမိရဲ့လား? ဝင်ငွေကိုရော စနစ်တကျ စီမံခန့်ခွဲဖြစ်ရဲ့လား…?

Leave a Reply

Your email address will not be published.