လစဥ်ဝင်ငွေများလာပေမယ့် တစ်လတစ်လကို ငွေပိုလဲမထွက်လာဘူးဆိုရင် မိတ်ဆွေအိမ်မှာ အိမ်တွင်းသူခိုး ရှိနေပြီဖြစ်ပါတယ်…

အိမ်တွင်းသူခိုးရှိနေပြီဆိုရင်တော့ မိတ်ဆွေဘယ်လောက် ငွေရှာနိုင်ပါစေ… ချမ်းသာလာမှာ မဟုတ်ပါဘူး။

တကယ်တော့အိမ်တွင်းသူခိုးဆိုတာ မိတ်ဆွေရဲ့ မများပါဘူးဆိုပြီး မထင်မှတ်ဘဲသုံးလိုက်တဲ့ အသေးစားအသုံးစရိတ်တွေပဲ ဖြစ်ပါတယ်။

ဥပမာပြောရရင် ဖုန်းဘေအသုံးစရိတ် နဲ့ Subscriptions Fees တွေ၊ လူမရှိတဲ့ အခန်းမှာ မီး၊ air-con ဖွင့်ထားလို့ တက်နေတဲ့ မီတာခတွေ ၊ ပစ္စည်းတွေဝယ်ယူတဲ့အခါမှာ ကုန်ကျတဲ့ Delivery Charges တွေ၊ မလိုအပ်ဘဲ အပြင်စားသောက်ဆိုင်တွေမှာ ထွက်စားတာတွေ စသည်ဖြင့် မိတ်ဆွေအနေနဲ့ တခါ‌တလေပါ၊ နည်းနည်းလေးပါ ဆိုပြီး သုံးလိုက်တဲ့ အသုံးစရိတ်တွေပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး မထင်မှတ်ဘဲ သုံးလိုက်တဲ့ အသေးစားအသုံးစရိတ်တွေကို စာရင်း ပြန်တွက်ကြည့်ရင် လစဥ်ဝင်ငွေရဲ့ 10% ကနေ 25% အထိ ရှိတဲ့အတွက် တော်တော်လေးကို များပါတယ်။

အမေရိကန် စာရေးဆရာတစ်ဦးဖြစ်တဲ့ Benjamin Franklin ကလဲ “အသေးစား အသုံးစရိတ်တွေကို ဂရုစိုက်ပါ။ ရေဝင်ပေါက်သေးသေးလေးတွေကလဲ သင်္ဘော အကြီးကြီး‌တွေကို နစ်မြှုပ်စေတာပဲ” လို့ ပြောဖူးပါတယ်။ ဒါကြောင့် အိမ်တွင်းသူခိုးကို မိအောင်ဖမ်းဖို့ အရေးကြီးတယ်ဆိုတာ မိတ်ဆွေကို ထပ်ရှင်းပြဖို့တောင် မလိုလောက်တော့ပါဘူး။

ဒီလောက်ဆိုရင် မိတ်ဆွေအနေနဲ့ အိမ်တွင်းသူခိုး ဘယ်သူလဲဆိုတာ ကောင်းကောင်းသိသွားပြီလို့ ထင်ပါတယ်။

အိမ်တွင်းသူခိုးကို စနစ်ကျကျ ဘယ်လိုဖမ်းရမလဲသိချင်ရင်တော့ Comment မှာ “Yes” လို့မန့်ခဲ့ပါ။ နောက်နေ့မှာ အိမ်တွင်းသူခိုးဖမ်းနည်းကို မျှဝေပေးပါမယ်။

Leave a Reply

Your email address will not be published.