ကျွန်တော်တို့ စားတဲ့အစားအစာအများစုက အူလမ်းကြောင်းကျန်းမာရေးကို သက်ရောက်မှူရှိစေတယ်။

အစားအစာတွေမှာပါဝင်တဲ့ bacteria ပေါ်မူတည်ပြီး အူလမ်းကြောင်းကို ထိခိုက်နိုင်စေနိုင်သလို ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ bacteria တွေလည်း ရနိုင်စေတယ်။

ဒါကြောင့် ကောင်းမွန်တဲ့ bacteria တွေ စုစည်းထားတဲ့ gut microbiome ကို ရရှိနိုင်စေဖို့ဆိုရင်…

✅အစားအစာကို စုံလင်အောင်စားပါ။ မတူညီတဲ့ အစားအစာတွေကနေ ကျန်းမာရေးကို အထောက်အကူပြုတဲ့ microbiome အသီးသီးကို ရစေတယ်။

✅အမျှင်ဓာတ်တွေကိို ခန္ဓာကိုယ်က မခြေဖျက်နိုင်ဘဲ bacteria တွေကသာ ခြေဖျက်နိုင်တာဖြစ်တဲ့အတွက် အကျိုးပြု bacteria တွေကို ပိုမိုကြီးထွားစေတယ်။

ပန်းသီး၊ လိမ္မော်သီး၊ ပဲသီးတွေလို အသီးအရွက်တွေက အမျှင်ဓာတ်များစွာပါဝင်တယ်။

✅ကစော်ဖောက်ထားတဲ့ အစားအစာတွေဖြစ်တဲ့ ဒိန်ချဉ်၊ ကင်ချီ လိုမျိုး အစားအစာတွေမှာ Lactobacilli bacteria ပါဝင်တဲ့အတွက် အူလမ်းကြောင်းကျန်းမာရေးကို အကျိုးပြုစေတယ်။

✅ ဝိုင်နီ၊ green tea၊ blueberries၊ ပန်းဂေါ်ဖီ နဲ့ ကြက်သွန်နီတွေမှာ polyphenols များစွာပါဝင်တယ်။ polyphenols က blood pressure, cholesterol level တို့ကိုလျှော့ကျစေတဲ့အပြင် အူလမ်းကြောင်းမှာရှိတဲ့ bacteria တွေပိုမို အားကောင်းဖို့လည်း ကူညီပေးတယ်။

ဒါကြောင့် မိတ်ဆွေ အူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ကျန်းမာရေးကောင်းချင်တယ်ဆိုရင် ဖော်ပြထားတဲ့ အစားအစာတွေက အများကြီး အကျိုးရှိစေမှာပါ။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *