ဟော်မုန်းတွေက နေ့စဉ်ဘဝမှာ ပိုပြီး active ဖြစ်ဖို့နဲ့ အောင်မြင်ဖို့ သဘာဝက ပေးထားတဲ့ မှော်စွမ်းအင် လိုပါပဲ။

ခန္ဓာကိုယ်က hormone ကို သေသေချာချာအသုံးချတတ်ရင် ကိုယ့်ရဲ့ ဘဝနေထိုင်မှုပုံစံက ပိုမို ကောင်းမွန်ပြီး အောင်မြင်လာန်ိုင်တယ်။

အောင်မြင်ခြင်းဟော်မုန်းလို့ပြောလိုက်ရင် serotonin, dopamine နဲ့ endorphin က မပါမဖြစ်ပါ။

🌟Serotonin

Serotonin ဟော်မုန်းက ပျော်ရွှင်ခြင်း ဟော်မုန်းလို့လဲ ပြောလို့ရတယ်။ Serotonin ဟော်မုန်းများတဲ့အခါ လူတွေကိုပိုပြီး စိတ်ဓာတ်တက်ကြွစေပြီး depression ဝင်တာမျိုးမဖြစ်အောင် ဟန့်တားနိုင်တယ်။ ဒါ့အပြင် အိပ်စက်တာ၊ အစာစားချင်စိတ်ဖြစ်ပေါ်စေဖို့လည်း အထောက်အကူပြုတယ်။

အလုပ်ခွင်မှာပျော်ရင်လည်း Serotonin ဟော်မုန်းများလာတတ်ပြီး productivity ကို ပိုတိုးတက်စေတယ်။

Serotonin hormone များချင်ရင်…

📌တစ်ရက်ကို မိနစ် (၂၀)လောက် နေရောင်ခြည်နဲ့ ထိတွေ့ပေးတာမျိုး

📌ကိုယ့်ရဲ့ ယခင်က အောင်မြင်မှုတွေကို reflect လုပ်တာမျိုး လုပ်လို့ရတယ်။

🌟Dopamine

Dopamine ကတော့ လူတော်တော်များများနဲ့ ရင်းနှီးတယ်။ လူတွေရဲ့ အာရုံစူးစိုက်ခြင်း၊ မှတ်ဉာဏ်နဲ့ အလုပ်ထဲမှာစိတ်အားထက်သန်မှုကို တိုးတက်စေဖို့ dopamine က ကူညီပေးတယ်။ dopamine က motivation hormone လို့ပြောရင်လည်း မမှားဘူး။

ကျွန်တော်တို့ကို တစ်ခုခုလုပ်နေရင်ပျော်စေတာ၊ စွဲလမ်းစေတာက dopamine ကြောင့်ဖြစ်တယ်။

Dopamine က တန်ဆေးလွန်ဘေးဆိုသလိုပဲ မသင့်တော်တဲ့နေရာမှာ စွဲလမ်းမိရင် အကျင့်ဖြစ်သွားစေတတ်တယ်။ ဥပမာ- မူးယစ်ဆေးစွဲတာမျ်ိုးပေါ့။

Dopamine hormone က ပုံမှန်အားဖြင့်…

📌Protein ဓာတ် များများပါတဲ့ အစာစားခြင်း

📌ကိုယ်ချမှတ်ထားတဲ့ အောင်မြင်မှုသေးသေးလေးတွေ ပြီးမြောက်ခြင်း ကနေ ရရှိနိုင်တယ်။

🌟Endorphin

Endorphin ဟော်မုန်းက နာကျင်မှုကို သက်သာပျောက်ကင်းစေတဲ့ ဟော်မုန်းတစ်မျိုးပါ။ ဒါ့အပြင် endorphinက ပြဿနာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ activeဖြစ်နေအောင် အထောက်အပံ့ပေးတယ်။

ခက်ခဲတဲ့အခြေအနေမျိုးမှာတောင် out of box တွေးခေါ်နိုင်တာ၊ ပြဿနာကို အေးအေးဆေးဆေးဖြေရှင်းသွားတာနိုင်တာက endorphin ဟော်မုန်း ကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်တယ်။

📌ဟာသကားကြည့်တာ၊ ရယ်မောတာ

📌ကိုယ်လက် လေ့ကျင့်ခန်းလုပ်တာမျိုးက

Endorphin ဟော်မုန်းကို ထုတ်လွှတ်စေတယ်။

ဟော်မုန်းတွေက အလုပ်ခွင်မှာရော နေ့စဉ်ဘဝမှာ စွမ်းဆောင်ရည်တိုးတက်စေဖို့ အများကြီး အကူအညီပေးတဲ့အတွက် မိတ်ဆွေတို့အနေနဲ့ အောင်မြင်ခြင်းဟော်မုန်းတွေကို နည်းလမ်းကျကျ ရယူသင့်တယ်။

အောင်မြင်ခြင်းဟော်မုန်းတွေအပေါ် မိတ်ဆွေတို့ရဲ့ အမြင်နဲ့ မေးခွန်းတွေကို comment မှာ ရေးလို့ ရပါတယ်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *