သင်ကညာသန်ဆိုရင် ဘယ်ဘက်ဦးနှောက် ပိုပြီး dominant ဖြစ်တယ်…
သင်က ဘယ်သန်ဆိုရင် ညာဘက်ဦးနှောက်ပို အားသန်တယ်….
ဒီအယူအဆတွေက တကယ် သိပ္ပံနည်းကျ မှန်ကန်တယ်လို့ သက်သေမရှိပါဘူး။
Left brain က ပုံမှန်အားဖြင့်
အချက်အလက်တွေ၊ သင်္ချာ၊ logical thinking အပိုင်းကို လုပ်ဆောင်ပေးပြီး
right brainက တွေးခေါ်ရတာ, arts, creative thinking နဲ့ visualization စတဲ့ အပိုင်းတွေကို လုပ်ဆောင်ပေးတယ်။
လူပေါင်းများစွာကို လေ့လာချက်အရ လူသားတွေရဲ့ ဦးနှောက်ရဲ့ တစ်ဖက်ထက် တစ်ဖက်က ပိုအားသာတာမျိုး ပုံမှန်အားဖြင့်မရှိပါဘူး။
ဦးနှောက်ရဲ့ left brain ရော right brain အတူတကွ လုပ်ဆောင်မှ ကိစ္စတစ်ခုကို ပြီးမြောက်သွားတာများတယ်။ ဥပမာ left brain က သင်္ချာနဲ့ ပတ်သက်တဲ့ equation တွေကို ဖြေရှင်းဖို့ အထောက်အကူပြုသလို right brain ကလည်း သင်္ချာပုစ္ဆာရဲ့ အဖြေကိုခန့်မှန် ပုံဖော်နိုင်ဖို့ ကူညီပေးတယ်။
ဒါဆိုရင် ကျွန်တော်တို့ရဲ့ left brain ရော right brain ပါ တိုးတက်ပြီး အမြဲထက်မြက်နေအောင် ဘာတွေလုပ််လို့ရမလဲ….
သင်ယူတာကို ဘယ်တော့မှ မရပ်တန့်ပါနဲ့။
နေ့တိုင်း စာရေး၊ စာဖတ်တာ လုပ်ဖို့ အချိန်ပေးပါ။
လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
(လေ့လာချက်တွေအရ aerobic လေ့ကျင့်ခန်းလုပ်တာက အသက်(၅၀)ကျော် လူကြီးတွေကို memory ပိုမို တိုးတက်အောင် အထောက်အကူပြုတယ်ဆိုတာ တွေ့ရတယ်။)
အမြဲ ဝါဿနာအသစ်ကို ရှာဖွေပါ။ ဥပမာ ဘာသာစကားအသစ်လေ့လာတာ၊ တူရိယာတစ်ခုခုတီးခတ်တာမျိုးလုပ်လို့ရတယ်။
ဒါဆိုရင် မိတ်ဆွေတို့ ဦးနှောက်နဲ့ပတ်သက်တဲ့အယူအဆအမှန်ကို သိရှိသွားပြီး ကိုယ့်က်ိုယ်ကို left/ brained/ right-brained ဖြစ်တယ််လ်ို့ တသတ်မှတ်တည်း မမှတ်ယူသင့်တာကို သိသွားကြလောက်ပြီ ယူဆပါတယ်။
Brain နဲ့ပတ်သက်ပြီး မေးခွန်းရှိရင် comment မှာ ရေးပေးပါဦး။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta