ထောပတ်သီးက ကမ္ဘာတစ်လွှားက လူကြိုက်အများဆုံးအသီးအနှံတွေထဲက တစ်ခုပါ။ မြန်မာမှာလည်း ထောပတ်သီးကို ဖျော်ရည်အနေနဲ့ သောက်သုံးတတ်ကြပါတယ်။ ဦးနှောက်အတွက် ဘက်ပေါင်းစုံက အကျိုးပြုတဲ့အစားအစာကို ပြပါဆိုရင် ထောပတ်သီးကလွဲပြီး ပြစရာမရှိတော့ပါဘူး။

ထောပတ်သီးမှာ Vitamin A, Vitamin C, Vitamin E, Vitamin K တို့ပါဝင်ပါတယ်။ ဒါ့ပြင် ထောပတ်သီးမှာ အဆီဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ထောပတ်သီးမှာ ပါဝင်တဲ့ အဆီက ပြည့်ဝဆီဖြစ်ပြီး လို့ခေါ်ပါတယ်။

ဦးနှောက်က ခန္ဓာကိုယ်မှာ အဆီအများဆုံးဖြစ်ပြီး Oxiditive stress (ဦးနှောက်အိုမင်းမှုကို အဓိကဖြစ်စေတဲ့အရာ) အဖြစ်အများဆုံး အစိတ်အပိုင်းလည်းဖြစ်ပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့အဆီက ဦးနှောက်အတွက် အကျိုးပြုပြီး ဦးနှောက်အိုမင်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ထောပတ်သီးမှာ Vitamin E , lutein နဲ့ zeaxanthin တို့ပါဝင်လို့ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြန်ဆန်စေပါသေးတယ်။

ဒီနေ့ခေတ်မှာ Alzheimer’s ရောဂါတို့လို ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါတွေ ဖြစ်ပွားနှုန်းနောက်မှာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်ပွားနှုန်းက ဒုတိယလိုက်ပါတယ်။ သုသေသီတွေကတော့ အခုလိုဖြစ်ပွားရတဲ့အကြောင်းက ပိုတက်စီယမ်မလုံလောက်လို့ဖြစ်တာလို့ ကောက်ချက်ချကြပါတယ်။ ပိုတက်စီယမ်က ဆိုဒီယမ်နဲ့ပေါင်းပြီး သွေးဖိအားကို ထိန်းညှိပေးပါတယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေခေတ်တုန်းက ဒီနေ့ခေတ်ထက် ပိုတက်စီယမ်ကို လေးဆပိုစားခဲ့ကြပါတယ်။ ဒါကြောင့်လည်း သွေးတိုးခြင်း၊ လေဖြတ်ခြင်းတို့လိုရောဂါတွေစာ ရှေးတုန်းကထက် အခုခေတ်မှာပိုများနေရတာပါ။ ထောပတ်သီးမှာက ငှက်ပျောသီးမှာပါဝင်တဲ့ ပိုတက်စီယမ်ပမာဏထက် နှစ်ဆပိုများလို့ အထက်ပါရောဂါတွေဖြစ်နိုင်ချေကို လျှော့ကျစေမှာပါ။

တစ်နေ့ကို ထောပတ်သီး တစ်ဝက်ကနေ တစ်လုံးအပြည့်အထိစားသုံးပေးနိုင်ပါတယ်။ စားသုံးရာမှာလည်း ထောပတ်သီးကို သကြားနဲ့ခေါက်ပြီးစားနိူင်သလို ဖျော်ရည်အဖြစ်လည်း သောက်နိုင်ပါတယ်။

မိတ်ဆွေတို့ရော ထောပတ်သီးကြိုက်ကြလား?

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published.