

တခါတလေ ကိုယ်ဒီနေ့အပင်ပန်းခံနေတာတွေ၊ ကြိုးစားနေတာတွေက အရာမထင်သလို ခံစားရနိုင်တယ်။
ကိုယ့်လောက် မရုန်းကန်ရဘဲ ကိုယ့်ထက်သာနေသူတွေကို ကြည့်ပြီး ခံပြင်းမိမှာ သဘာဝပဲ။
ဒါပေမယ့် သိထားရမှာက တိုးတက်မှု ဖြစ်စဉ်က တစ်ထစ်ချင်း မြင့်တက်တာ မဟုတ်ဘူး။
ဝါးပင်လိုပဲ အောက်ခြေမှာ အခြေခံခိုင်အောင် အမြစ်တွယ်ဖို့ အချိန်ပေးရတယ်။
ဒါပေမယ့် အမြင့်ရောက်ချိန်တန်ရင်လည်း ဆယ်ဆ၊ ဆယ့်ငါးဆ ခုန်ပြီး စင်ပေါ်တန်းရောက်သွားတာမျိုး ဖြစ်တတ်တယ်။