ခန္ဓာကိုယ်ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေ ကောင်းစွာအလုပ်လုပ်နိုင်ဖို့ဆိုရင် အိပ်ရေး၀၀အိပ်ပျော်ဖို့လိုအပ်ပါတယ်။ အိပ်ရေး၀၀အိပ်မပျော်ဘူးဆိုရင် ကိုယ့်ရဲ့နေ့စဉ်ဆောင်ရွက်ရမယ့်လုပ်ငန်းဆောင်တာကို အနည်းနဲ့အများထိခိုက်လာမှာပဲဖြစ်ပါတယ်။ ရေရှည်မှာဆိုရင် insomnia လို့ခေါ်တဲ့ အိပ်မရတဲ့ရောဂါကိုပါခံစားလာရနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်အိပ်မပျော်ခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကိုပါကြုံတွေ့လာရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် သုတကနေ 2မိနစ်အတွင်းအိပ်ပျော်စေမယ့်နည်းလမ်းတွေကိုဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် အရမ်းကြီးစိတ်ပူစရာမလိုတော့ပါဘူး။ ဒါကြောင့်ဆက်လက်ပြီးဖတ်ရှုကြည့်ကြရအောင်နော်။

2 minutes tips

2မိနစ်လိုအချိန်တိုလေးအတွင်းမှာအိပ်ပျော်စေဖို့ဆိုရင် အခုဖော်ပြမယ့် နည်းလမ်းတွေနဲ့ အလေ့အကျင့်တွေကိုလုပ်ဆောင်ကြည့်ဖို့လိုအပ်ပါတယ်။ ဒီလိုမြန်မြန်အိပ်ပျော်စေဖို့ကိုလည်း ကိုယ့်ရဲ့ဦးနှောက်ကိုပါ အလေ့အကျင့်ဖြစ်အောင့်နေ့စဉ်ဒီနည်းလမ်းတွေကို လုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။ ဒီထဲကနည်းလမ်းအချို့ဟာ USစစ်တပ်ရဲ့ စစ်သားတွေကို စစ်ပွဲတွေရှိတဲ့နေရာ တွေမှာပါအိပ်ပျော်စေနိုင်ဖို့အသုံးပြုတဲ့နည်းလမ်းတွေပါ၀င်ပါတယ်။

နည်းလမ်းတွေကတော့

ဒီလိုဆိုရင်ခန္ဓာကိုယ်ရော၊ စိတ်ရောပေါ့ပါးနေပြီး ခဏလေးအတွင်းမှာအိပ်ပျော်သွားမှာပဲဖြစ်ပါတယ်။

ဆက်လက်ပြီးကောင်းကောင်းအိပ်ပျော်စေဖို့ မအိပ်ခင်ကြိုတင်ဆောင်ရွက်သင့်တဲ့အချက်တွေကိုလဲသုတက ဖော်ပြပေးပါဦးမယ်။

အိပ်ခန်းထဲက မီးလုံး၊ မီးချောင်း၊ ဖုန်းစတဲ့အလင်းထွက်တဲ့အရာတွေကအိပ်ပျော်စေတဲ့ မယ်လတိုနင် ဟော်မုန်းကိုကမောက်ကမဖြစ်စေပါတယ်။ ဒါပေမယ့် ကိုယ်ကမီးရောင်မရှိဘဲမအိပ်တတ်ဘူးဆိုရင်တော့ ညအိပ်မီးမှိန်မှိန်လေးတော့ထွန်းထားနိုင်ပါတယ်။

လူရောစိတ်ရော သန့်ရှင်းပြီးပေါ့ပါးသွားပြီးအိပ်ပျော်စေဖို့ မအိပ်ခင်ရေချိုးတဲ့အကျင့်ကိုလုပ်ဆောင်သင့်ပါတယ်။ဒါပေမယ့် ရေနွေးပူနဲ့အိပ်ခါနီးရေချိုးခြင်းကိုတော့ရှောင်ကျဉ်သင့်ပါတယ်။

နွားနို့မှာပါ၀င်တဲ့ဓာတ်တွေဟာ ‌မယ်တိုနင်ဟော်မုန်းကို ထုတ်လုပ်မှုမြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့်ကောင်းကောင်းအိပ်ပျော်ဖို့မအိပ်ခင်နွားနို့ပူပူတစ်ခွက်သောက်သင့်ပါတယ်။

အဲယားကွန်းဖွင့်အိပ်တာဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုကျဆင်းစေပြီးအိပ်ချင်စိတ်ကိုပိုမိုဖြစ်ပေါ်စေပါတယ်။

ဒီအချက်တွေကတော့ ကောင်းကောင်းအိပ်ပျော်စေဖို့မအိပ်ခင်လုပ်ဆောင်သင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။

အခုဆိုရင် မိတ်ဆွေတို့လည်း 2မိနစ်အတွင်းအိပ်ပျော်စေမယ့်နည်းလမ်းတွေရယ် တစ်ခြားမအိပ်ခင်ဆောင်ရွက်ထားသင့်တဲ့အချက်တွေရယ်ကို သိရှိသွားပြီလို့ထင်ပါတယ်။ တစ်ခြား အိပ်မပျော်တဲ့သူတွေလဲ 2မိနစ်အတွင်းအိပ်ပျော်နိုင်အောင် share ပေးသွားကြပါဦး။ မိတ်ဆွေတို့ရော တစ်နေ့မှာ အိပ်ချိန်ဘယ်လောက်ရှိလဲဆိုတာ mentပေးခဲ့ကြပါဦးနော်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta

Leave a Reply

Your email address will not be published.