📌Caffeineဓာတ်များတာက productivity ကိုထိခိုက်စေတာ

📌ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်စေတာ..

ကျွန်တော်တို့အားလုံးသိကြတယ်။

ဒါပေမဲ့လက်တွေ့မှာ caffeine ဓာတ်စွဲလမ်းတာကိုပြင်ဖ်ို့ ထင်သလောက်မလွယ်ဘူး။

ဒါကြောင့် caffeine ဓာတ်စွဲလမ်းတာ၊ coffee မသောက်ရမနေနိုင်တဲ့ အကျင့်တွေ ဖယ်ထုတ်ဖို့ application တချို့ကို လမ်းညွှန်ပေးချင်တယ်။

(1)Caffeine Addiction Calendar 🌟

Coffee စွဲတဲ့အကျင့်ကို ဖျောက်ဖို့ ဒီapplication ကနေ တစ်ဆင့် ကိုယ် coffee သောက်တဲ့ပမာဏကိုပြန်ပြီး ဆန်းစစ်လို့ရတဲ့အပြင် caffeine ဓာတ်ကို လျှော့ချဖို့ လုပ်နိုင်တဲ့ activity တွေပါဝင်တယ် ။

(2) Habitica 🌟

Habitica application က video game ပုံစံဖန်တီးထားတာဖြစ်ပြီး ကိုယ့်ရဲ့ က်ိုယ်ပိုင် character တစ်ခုနဲ့ ပြောင်းလဲချင်တဲ့ habit တွေကို gameပုံစံ ကစားပြီး ပြောင်းလဲလို့ရတယ်။

ကိုယ်က caffeine addiction ဖြစ်နေပြီဆိုရင်လည်း Habitica ကနေ ကိုယ့်ရဲ့ အကျင့်ကို ပြောင်းလဲဖို့ ကြိုးစားလို့ရတယ်။

တခြား ကိုယ်ပြောင်းလဲချင်တဲ့ အကျင့်တွေရှိမယ်ဆိုလည်း ဒီapplication မှာထည့်ပြီး ကိုယ်လိုချင်တဲ့ habitတွေ တူတူပျ်ိုးထောင်လို့ရတယ်။

(3) I am Sober 🌟

ဒီapplication ကမှာ caffeine ဓာတ်ကိုလျှော့ချချင်တဲ့ option ကိုရွေးပြီးရင် caffeine ဓာတ်ကို စပြီးရှောင်တဲ့နေ့ကစပြီး အချိန်မှတ်ထားပေးတယ်။

ဒါ့အပြင် တခြားcaffeine စွဲလမ်းခဲ့တဲ့သူတွေ ဘယ်လိုဖြေရှင်းခဲ့လဲ၊ သူတို့အတွေ့အကြုံ စသည်ဖြင့်ပြောပြတဲ့ groups တွေ၊ motivation ပေးတဲ့ activity တွေမျိုးလည်းပါဝင်တယ်။

Calendar feature လည်းပါဝင်တဲ့အတွက် caffeine ကိုရှောင်နိုင်တဲ့ရက်တွေကို ပြန်ပြီး track လို့ရတယ်။ နာမည်ကြီးပြီး အသုံးဝင်တဲ့ application လို့ပြောရင်လည်း မမှားဘူး။

မိတ်ဆွေတို့ရော coffee သောက်တာစွဲလမ်းဖူးရင် recommendချင်တဲ့ application တွေ၊ routine တွေရှိရင်လည်း မျှဝေပေးပါဦး။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *