လူတော်တော်များများ cancer လို့ ပြောလိုက်တာနဲ့ ကြောက်တတ်ကြတယ်။
ကျန်းမာရေး ဂရုမစိုက်မိိလို့ Cancer ကို နောက်ကျမှသိရပြီး မလိုအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြုံကြတဲ့သူလည်း ဒုနဲ့ဒေးပဲ။
မိတ်ဆွေရော cancer ဖြစ်တဲ့အကြောင်းအရင်းတွေကိုသေချာသိပြီလား။
Cancer ဖြစ်စေတဲ့ယေဘုကျအကြောင်းရင်းတွေကိုလေ့လာပြီး အနှစ်ချုပ်ကြည့်ရင်…
(1) genetic makeup
ကိုယ့်ရဲ့ မိသားစုပတ်ဝန်းကျင်မှာcancer ဖြစ်ဖူးတဲ့ ရာဇဝင်ရှိရင် genetic mutation ကြောင့် မိမိမှာလည်း cancer ဖြစ်နိုင်ချေအနည်းငယ်များစေတယ်။ ဥပမာ ရင်သားကင်ဆာတို့လိုမျိုးပေါ့။ ဒါပေမဲ့ cancer တွေရဲ့ ၅%ကနေ ၁၀%လောက်ထိပဲ မိဘမျိုးရိုးကဆင်းသက်လာတဲ့ genetic mutation ကြောင့်ဖြစ်နိုင်တာပါ။
(၂)ဆေးလိပ်သောက်ခြင်း
Tobacco smoke မှာ ကင်ဆာဖြစ်စေတဲ့ carcinogens အနည်းဆုံး ၆၉ လောက် ပါဝင်တယ်။ ဆေးလိပ်သောက်တာအပြင် ဆေးလိပ်ငွေ့ရှူမိတာကလည်း ကျန်းမာရေးပြဿနာတွေနဲ့ cancer ဖြစ်နိုင်ချေကို သိသိသာသာမြင့်တက်စေတယ်။ ဆေးလိပ်သောက်တာကနေ အဆုတ်၊ အစာအိမ်၊ ကျောက်ကပ်cancer တွေကို ဖြစ်န်ိုင်စေတယ်။
(၃) Ultraviolet Radiation နဲ့ထိတွေ့မှူ
နေရောင်ခြည်မှာ ပါဝင်တဲ့ Ultraviolet Radiation (UV) ကို အလွန်အကျွံထိတွေ့ရတာက အသားအရေကို ထိခိုက်စေသလို skin cancer ဖြစ်နိုင်ချေကိုလည်း မြင့်တက်စေတယ်။
ဒီအချက်တွေအပြင် အဝလွန်တာ၊ စားသောက်နေထိုင်မှုအမှားတွေ၊ဓာတ်ရောင်ခြည်ထိတွေ့မှူတွေ၊ တခြားရှားပါးဖြစ်စဉ်အကြောင်းအရာတွေလည်း cancer ဖြစ်နိုင်တယ်။
ဒီနေ့ဖော်ပြပေးသွားတဲ့ cancer ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ causes တွေထဲပါတာမို့…
ဆေးလိပ်သောက်တာနဲ့ UV ကို အလွန်အကျွံထိတွေ့တာကိုတော့ နည်းနိုင်သမျှနည်းအောင် ရှောင်သင့်တယ်။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr.Thuta