သာမန်ရိုးကျ repetitive အလုပ်တွေထက် creative thinking, problem solving skill တွေက အခုခေတ်မှာ မဖြစ်မနေလိုလာပြီ။
အထူးသဖြင့် digital marketer, photographer, graphic designer တွေလို creative သမားတွေက တခါတလေ ဘာidea မှမထွက်တာ၊ productive မဖြစ်တာမျ်ိုးကြုံရတတ်တယ်။
ကိုယ်က creativity burnout ဖြစ်နေပြီဆိုတာကို ဘယ်လိုသိနိုင်လဲ။
အလုပ်မပြီးလို့အချိန်ဆွဲနေရတာ
အိပ်ရေးမဝဘဲ ပင်ပန်းသလိုခံစားနေရတာ
Stress တွေတအားများနေတာ
အခြားသူတွေနဲ့ နှိုင်းယှဉ်နေမိတာ
ကျန်းမာရေးနဲ့မညီတဲ့ (အစားပုံမှန်မစားတာ
အိပ်ရေးမဝတာ၊ လှုပ်ရှားမှုမရှိတာ) စတဲ့အပြုအမှုတွေကိုလုပ်နေတာ
ကိုယ့်ရဲ့ result တွေကို သံသရာဝင်ပြီးအားမရဖြစ်နေတာ
စတဲ့အခြေအနေတွေက creativity burnout ဖြစ်စေတယ်။
Creativity burnout ဖြစ်ရင်…
အနားယူပါ။ ကိုယ်လုပ်နေကြအလုပ်ကို ခဏရပ်ပြီးအသစ်အဆန်းတစ်ခုခုကို စမ်းလုပ်ကြည့်ပါ။
လိုအပ်ရင်အကူအညီတောင်းပါ။ ကိုယ်နဲ့နီးစပ်တဲ့သူတွေဆီက အကြံဉာဏ် supportကလည်း creativity burnout ဖြစ်တဲ့အခါအများကြီးအထောက်အကူပြုတယ်။
Distraction ဖြစ်စေတဲ့အရာတွေကို အတတ်နိုင်ဆုံးအဝေးမှာထားပါ။
Mindfulness အလေ့အကျင့်ကို မွေးပါ။
သင်ယူလေ့လာမှုတွေကိုလည်း ဘယ်တော့မှ မရပ်တန့်နဲ့။
ဒါဆိုရင်
မိတ်ဆွေရဲ့ creative thinking က ပိုပြီးတိုးတက်လာမှာဖြစ်သလို creativity burnout ပြဿနာတွေကိုလည်း အထိုက်အလျောက်ဖြေရှင်းနိုင်မှာပါ။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr.Thuta