Green tea သောက်တဲ့ အလေ့အကျင့်က ရှေးအစဉ်အလာထဲက ရှိခဲ့တဲ့အကျင့်ကောင်းတစ်ခုလို့ ဆိုရမယ်။

Green tea ကို ကြိုက်လို့ပဲဖြစ်ဖြစ်၊ အလေ့အကျင့်ကြောင့်ပဲဖြစ်ဖြစ် သောက်ဖြစ်ကြမဲ့ green tea ရဲ့ ကောင်းကျိုးတွေကို မသိမထားမိကြတာများတယ်။

Green teaသောက်တဲ့အခါ…

🌟ကျန်းမာရေးအတွက် အကျိုးရှိတဲ့ ဓာတ်ပေါင်းတွေအများကြီးပါဝင်တယ်။

Green tea မှာ antioxidants တွေပါဝင်ပြီး အဲ့ထဲမှာပါတဲ့ EGCG ဆိုတဲ့ compound ကတော့ ရောဂါတော်တော်များများ ကုသရမှာ အထောက်အကူပြုတယ်။

🌟ဦးနှောက်ရဲ့ function တွေကို ပိုပြီး အထောက်အပံ့ဖြစ်စေတယ်။

Green tea မှာက caffeine ဓာတ်အနည်းငယ်ပါဝင်ပြီး amino L-theanine ပါ ပါဝင်တဲ့အတွက် brain function တွေကို အထောက်အကူပြုစေတယ်။

ဒါကြောင့် လူတော်တော်များများက coffee ထက် green time သောက်တာက ပိုပြီး productive ဖြစ်စေသလို စိတ်ငြိမ်စေတယ်လ်ို့ ဆိုကြတယ်။

🌟အဆီဓာတ်တွေလောင်ကျွမ်းစေတယ်။

Green tea က ဇီဝရုပ်ဖြစ်ပျက်မှု (metabolic rate) ကိုပိုပြီး မြန်ဆန်စေသလို ရေတိုမှာ အဆီဓာတ်လောင်ကျွမ်းနှုန်းကို မြင့်တက်စေတယ်။

🌟Cancer ဖြစ်နိုင်တဲ့နှုန်းကို လျှော့ချနိုင်တယ်။

Green tea မှာပါဝင်တဲ့ antioxidant တွေက cancer ကို ကြိုတင်ကာကွယ်ပေးနိုင်တယ်။

လေ့လာချက်တွေအရဆိုရင် green tea ပုံမှန်သောက်တဲ့သူတွေက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာစသဖြင့် cancer တွေဖြစ်န်ိုင်ချေကို လျှော့ချန်ိုင်တယ်။

🌟ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်တယ်။

သုတေသနတွေအရဆိုရင် green teaက သွေးတွင်း သကြားဓာတ်level ကို ထိန်းညှိပေးနိုင်တဲ့အပြင် insulin sensitivity ကို တိုးတက်စေနိုင်တဲ့အတွက် type(2) diabetes ဖြစ်န်ိုင်ချေကို လျှော့ချပေး နိုင်တယ်။

Green teaသောက်တဲ့သူတွေက ပျှမ်းမျှအားဖြင့် ဆီးချိုရောဂါဖြစ်နိုင်စေကို ၁၈% ထိ လျှော့ချပေးနိုင်လို့ လေ့လာချက်တွေအရ သိရတယ်။

မိတ်ဆွေတို့ရော Green tea သောက်တဲ့ အလေ့အကျင့်ရှိကြလား။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *