ညဘက်တွေဆို ပိုပြီး productive ဖြစ်တယ်…
မနက်ဆ်ို ပုံမှန်အချိန်ထနိုင်ဖို့ မနည်းအားယူရတယ်….
ဒီလိုမျ်ိုးစကားတွေကို night owl တွေဆီက မကြာခဏကြားရတယ်။
Night owlဖြစ်တာ၊ early bird ဖြစ်တာ ကိုယ့်ရဲ့ lifestyle, habit ကြောင့်ပဲ။
Night owl ထဲမှာသင်ပါခဲ့မယ်ဆိုရင် ကျန်းမာရေးနဲ့ဆိုင်တဲ့ ဒီအချက်တွေ သိထားဖို့လိုတယ်။
ညဘက် အိပ်တာနောက်ကျတဲ့သူတွေက ပုံမှန်အားဖြင့် body fat လည်း များနိုင်ပြီး type(2) ဆီးချိုရောဂါ၊ နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုများတယ်။
night owl တော်တော်များများက ညဘက် snack စားတာ၊ ဖုန်းအလွန်အကျွံသုံးတာစတဲ့ ကျန်းမာရေးကိုထိခိုက်စေတဲ့ အပြုအမူတွေ လုပ်တတ်ကြတဲ့အတွက် mental health ကိုပါ အနည်းနဲ့ အများထိခိုက်စေတယ်။
လေ့လာချက်တွေအရ night owls တွေက early bird တွေထက် blood pressure ပိုပြီးများလေ့ရှိတယ်။
ပုံမှန်အားဖြင့် လူငယ်လူလတ်ပိုင်းတွေက အိပ်ချိန် ၇နာရီကနေ ၉နာရီထိလိုတာကြောင့် night owl တော်တော်များများ အိပ်ချိန်မပြည့်တာ၊ မနက်စာ မစားတာစတဲ့ အခြေအနေမျ်ိုးလည်းခဏခဏကြုံရတယ်။
အိပ်ရေးမဝတဲ့အခါက နောက်ဆက်တွဲ productivity ကျဆင်းတာ၊ mood မကောင်းတာတွေပါ တွေ့ရတယ်။
ဒါကြောင့် ကျွန်တော်အကြံပေးချင်တာက night owl ဖြစ်နေရင်တောင်…
အိပ်ချိန် schedule ကိုသေချာသတ်မှတ်ပြီး အိပ်ချိန်ပြည့်အောင် အိပ်ပါ။
နေ့ခင်းနေလယ်မှာ ခဏ တရေးတမောအိပ်ပါ။
Technology က သင့်ရဲ့ အိပ်ချိန်ကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာ အမြဲသတိထားပြီး အိပ်ခါနီး digital devicesတွေ နဲ့ အဆက်အသွယ်ဖြတ်တောက်ထားပါ။
ညဘက်မအိပ်ခင် မုန့်စားတာမျိုးကို အတတ်နိုင်ဆုံး ရှောင်ကြည့်ပါ။
ဒါဆိုရင် မိတ်ဆွေတို့က night owl ဖြစ်နေရင်တော့ health risk တွေကို အတိုင်းအတာတစ်ခုအထိ ရှောင်နိုင်မှာပါ။
မိတ်ဆွေက early bird လား night owl လားဆိုတာ comment မှာရေးပေးကြပါဦးဗျ။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta