Omega 3 ဆိုတာက လူသားတွေရဲ့ဦးနှောက်အတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါ့ပြင် နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်နိုင်ချေတွေကို လျော့ကျစေနိုင်ပါတယ်။

Omega 3 fatty acid က triglyceride လို့ခေါ်တဲ့ နှလုံးသွေးကြောကျဉ်းစေတဲ့ အဆီတွေကို လျော့ချပေးပြီး နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့ပြင် omega 3 ဟာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေ ပုံမှန်အတိုင်းရှိနေဖို့ကို ကူညီပေးပါတယ်။ ခန္ဓာကိုယ်တွင်းလုပ်ဆောင်မှုတွေ နဲ့တနေ့တာလုပ်ငန်းတွေ ပုံမှန်အတိုင်းရှိနေဖို့ Omega 3 fatty acid ကို လိုအပ်ပါတယ်။

ဟော်မုန်းတွေဆိုတာ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်နဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်နေတဲ့အရာတွေပါ။ Omega 3 မှာက စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ဟော်မုန်းတွေဖြစ်တဲ့ dopamine နဲ့ serotonin ပမာဏ မြင့်တက်စေဖို့ ကူညီပေးနိုင်ပါတယ်။ အဲဒီဟော်မုန်းတွေဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်တာကို လျော့ကျစေပြီး စိတ်ကျရောဂါကို ကာကွယ်ပေးပါတယ်။

Omega 3 ဟာ ဦးနှောက်ဆဲလ်အသစ်ဖြစ်ပွားမှုကိုအားပေးပါတယ်။ စိတ်ရောဂါတွေဖြစ်တဲ့ စိတ်ကျရောဂါ၊ အမေ့လွန်ရောဂါတွေကိုကုသနိုင်ပြီးတော့မှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။

Omega 3 ကို ဘယ်ကရနိုင်လဲ?

Omega 3 ကို အပင်နဲ့တိရစ္ဆာန်တွေက ရရှိနိုင်ပါတယ်။ မြေပဲစတဲ့ အစေ့အဆံတွေ၊ နေကြာဆီတဲ့ဟင်းသီးဟင်းရွက်ဆီတွေမှာ omega 3 ပါဝင်ပါတယ်။ ဒါပေမယ့် omega 3 ကို ဆယ်လ်မွန်၊တူနာတို့လိုပင်လယ်ငါး​တွေမှာ ကြွယ်ဝစွာတွေ့ရပါတယ်။

ဒါပေမယ့် ကျွန်တော်တို့နေ့စဉ်စားနေတဲ့အစားအစာတွေကနေ omega 3 ကို လုံလုံလောက်လောက်မရကြပါဘူး။ ဒါကြောင့်လည်း Omega 3 ဖြည့်စွက်စာ​တွေကို စားသုံးကြတာဖြစ်ပါတယ်။ ငါးကြီးဆီကတော့ လူအများစုသိကြတဲ့ omega 3 ဖြည့်စွက်စာပဲဖြစ်ပါတယ်။

တစ်ချို့ကလည်း တစ်ပတ်ကိုနှစ်ကြိမ်လောက် `ငါး’စားပေးနိုင်ရင် ခန္ဓာကိုယ်အတွက် omega 3 ရရှိမှုက လုံလောက်တယ်လို့ ဆိုပါတယ်။

မိတ်ဆွေတို့ရော omega 3 ကြွယ်ဝတဲ့တဲ့ အစားအစာတွေ စားပြီး ဦးနှောက်ကို အားဖြည့်ဖြစ်ကြရဲ့လား?

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *