ကျွန်တော်တို့ ဦးနှောက်က ခန္ဓာကိုယ်အလေးချိန်ရဲ့ ၂ရာခိုင်နှုန်းစာပဲ လေးပေမဲ့ စုစုပေါင်း ကယ်လိုရီရဲ့ ၂၀%လောက်ကို သုံးတယ်။
ဒါကြောင့် ကျန်းမာရေးနဲ့မညီိတဲ့ အစားအသောက်တွေက productivity နည်းနိုင်ချေကို ၆၆%လောက် တက်စေတယ်။
နေ့စဉ်ဘယ်လောက်ပဲ အလုပ်ရှုပ်နေပေမဲ့…
အသင့်စားအစာတွေနေရာမှာ ပိုပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို အစားထိုးဖို့ကြိုးစားပါ။
Brain food လို့ခေါ်လို့ရတဲ့ ထောပတ်သီး၊ ဆယ်မွန်ငါး၊ dark chocolate တွေကို အလျဉ်းသင့်သလိုစားသင့်တယ်။
တစ်နေ့ကို နည်းနည်းစီနဲ့ အကြိမ်ရေများများစားတဲ့ အကျင့်ကို မွေးမြူသင့်တယ်။
ကျွန်တော်တို့တော်တော်များများက တစ်နေ့ကို အစာသုံးနပ်စားတာကို ကျင့်သားရနေကြတယ်။ သုံးကြိမ်လို့သတ်မှတ်ထားတာထက် လိုအပ်သလို နည်းနည်းစီစားတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ အထောက်အကူပြုတဲ့အတွက် အလုပ်လုပ်ရတာလည်း ခန္ဓာကိုယ်ကဖြစ်လာတတ်တဲ့ အနှောင့်အယှက်နည်းစေတယ်။
ဒီနေ့မျှဝေခဲ့တဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံကို လက်တွေ့လုပ်ကြည့်ဖို့ အကြံပေးချင်တယ်။
မိတ်ဆွေတို့ရော လက်ရှိမှာ ဘယ်လိုစားသောက်မှုပုံစံနဲ့ နေဖြစ်ကြလဲ။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta