Salmon ငါးက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ လူတိုင်းနီးပါးသိကြပေမဲ့ ဘယ််လ်ိုနေရာတွေမှာ အထောက်အကူပြုလဲဆိုတာကိုတော့ သိတဲ့သူ နည်းကြတယ်။

ဒီနေ့တော့ salmon ငါးစားခြင်းရဲ့ ကောင်းကျိုးကို ပိုပြီး သိသွားအောင် ပြောပြပေးချင်တယ်။

🌟Salmon ငါးမှာက vitamin B12, Niacin, Vitamin B6, Folic Acid တွေ vitamin Bဓာတ်တွေ အများကြီးပါဝင်တဲ့အတွက် ခန္ဓာကိုယ်တွက် လိုအပ်တဲ့ energyတွေထုတ်လုပ်ပေးတဲ့အပြင် ဦးနှောက်နဲ့ နှလုံးဆိုင်ရာ ကျန်းမာရေးကိုလည်း အထောက်အကူပြုစေတယ်။

🌟နောက်ပိုင်းသုတေသနတွေရဲ့ အဆိုပြုချက်အရ salmon ငါးစားတာက ကျွန်တော်တို့ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ပိုပြီး တိုးတက်စေတယ်။

ဒါ့အပြင် အယ်ဇိုင်းမား၊ ဦးနှောက်ရဲ့လုပ်ဆောင်မှုစွမ်းရည်ကျဆင်းတာမျိုး စတဲ့အခြေအနေတွေကိုလည်း ကာကွယ်ပေးတယ်။

🌟salmon ငါးမှာ ပါဝင်တဲ့ omega-3 fatty acid က စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ပိုမိုကောင်းမွန်ဖို့ အထောက်အကူပြုတယ်။

သုတေသနလေ့လာချက်တွေအရဆိုရင် salmon ငါးကို တစ်ပတ်တစ်ခါလောက်အနည်းဆုံးစားပေးတာ (ဒါမှမဟုတ်) တစ်ရက်ကို omega-3 fatty aid 500mg လောက်မှီဝဲတာက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ depression ဝင်တာ၊ စိုးရိမ်ကြောင့်ကြမှုတွေကို အထိုက်အလျောက်လျှော့ချပေးနိုင်တဲ့အပြင် စိတ်ခံစားချက်တွေကို ပိုမိုကောင်းစေတယ်လို့ ဆိုကြတယ်။

တစ်ခြားတစ်ဖက်မှာလည်း salmon ငါးမှာ mercury ဓာတ်ပါဝင်တဲ့အတွက် တစ်ခါတည်းအများကြီးစားသုံးတာမျ်ိုးက မသင့်တော်ဘူး။ ကျန်းမာရေးနဲ့အညီ ချင့်ချိန်ပြီး စားဖို့တော့ လိုတယ်။

ဒါဆိုရင် မိတ်ဆွေတို့ salmon ငါးစားခြင်းရဲ့ ကောင်းကျိုးတွေကို သိသွားကြပြီထင်တယ်။

တခြားသော အစားအသောက်နဲ့ ကျန်းမာရေးဆိုင်ရာ သိချင်တာတွေရှိရင် comment မှာရေးခဲ့ပေးပါဦး။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *