ကျွန်တော်တို့ တော်တော်များများ ကိုယ်ချစ်ခင်ရတဲ့သူတွေကို ဂရုစိုက်တတ်ကြပေမဲ့…

တခါတလေ ကိုယ်တန်ဖိုးထားတဲ့ ပစ္စည်းလောက်တောင် ကိုယ့်ကိုယ်ကို ဂရုမစိုက်မ်ိတတ်ကြဘူး။

မိတ်ဆွေတို့ Self-care လို့ပြောလိုက်ရင် ဘာကို ပြေးမြင်တတ်ကြလဲ။

တကယ်တော့ self- care က mentally ရော physically ပါ ကိုယ့်ကို energy ပြန်လည် ဖြည့်တင်းစေတဲ့ အပြုအမှူတစ်ခုပါပဲ။

လေ့ကျင့်ပုံမှန်လုပ်တာ၊ self-reflection လုပ်တာ၊ ပုံမှန်အိပ်တာ.. အားလုံးက self care လုပ်တာပါပဲ။

Self care အနေနဲ့

✅တစ်ပတ်က်ို(၂)နာရီကနေ (၈)နာရီကြား လေ့ကျင့်ခန်းလုပ်ရင် သေဆုံးနိူင်ချေ ၂၉%ကနေ ၃၆%ထိ လျှော့ချပေးနိုင်တာကို JAMA Network Open ရဲ့ လေ့လာချက်အရတွေ့ရတယ်။

✅ဒါ့အပြင် ဘဝမှာ ရည်မှန်းချက်ထားရှိတာ၊ self-esteem ရှိတာကလည်း သေဆုံးနိူင်ချေလျှော့ချတာနဲ့ ဆက်စပ်နေတယ်။

✅အိပ်ချိန်ပုံမှန်ရှိတာ၊ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာကို စားတာကလည်း ပိုပြီးကျန်းမာအသက်ရှည်စေတယ်။

Self-care လုပ်ဖို့ ဘယ်ကစလုပ်ရမှန်းမသိရင်

🌟မိတ်ဆွေကို ပျော်ရွှင်စေတဲ့ activities တွေကို စဉ်းစားပြီးရွေးချယ်ကြည့်ပါ။

🌟ကိုယ်လုပ်ချင်တဲ့ အရာတွေကို အပတ်စဉ် routine မှာထည့်ပြီး အလေ့အကျင့်လုပ်သွားပါ။

🌟self-care လုပ်တဲ့အခါ ကိုယ့်ကိုယ်က်ို self-reflectionလုပ်ဖို့ကလည်း မဖြစ်မနေလိုတယ်။

Self-careလုပ်လို့ရတဲ့ activities တွေအနေနဲ့ဆို…

✅Journalရေးတာ

✅Digital device တွေကို အချိန်ကန့်သတ်ပြီးသုံးတာ

✅ဘယ်လောက် အလုပ်များများBreakfast ကိုပုံမှန်စားတာ

✅မနက်နိုးနိုးချင်း (၅)မိနစ်လောက် ဝင်လေထွက်လေမှတ်တာ

စတာတွေအားလုံးက self-care activity တွေပါပဲ။

အပန်းဖြေခရီးအရှည်ကြီးသွားနိုင်မှမဟုတ်ဘဲ အားတဲ့ချိန် စာအုပ်ကောက်ဖတ်လိုက်တာကလည်း ကိုယ့်အတွက် စိတ်ပျော်ရွှင်ပြီး ကောင်းကျိုးဖြစ်စေရင် self-careပါပဲ။

ဒီနေ့ခေတ်လို စိတ်ဖိစီးမှုတွေများတဲ့ အခြေအနေမှာ ဟန်ချက်မပျက် အလုပ်လုပ်နိုင်ဖို့ self-care လုပ်ဖို့ အချိန်ပေးစေချင်တယ်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr.Thuta

Leave a Reply

Your email address will not be published. Required fields are marked *