ကျွန်တော်တို့တော်တော်များများရဲ့ အသက်ရှူတဲ့ပုံစံက မမှန်ဘူးလို့ပြောလို့ရတယ်။
သာမန်အသက်ရှူပုံကြောင့် အောက်စီဂျင်လည်း အပြည့်အဝမရောက်နိုင်သလို carbon dioxide ကိုလည်းအပြည့်အဝ ပြန်မထုတ်နိုင်ကြဘူး။
Stress ပိနေတဲ့သူတွေ
အိပ်ပျော်ရခက်နေတဲ့သူတွေ
ကိုယ့်ရဲ့ emotion ကိုထိန်းချုပ်ဖို့ ခက်နေတဲ့သူတွေအတွက်…
မဖြစ်မနေ လေ့ကျင့်သင့်တဲ့ အသက်ရှူနည်းစနစ်ရှိတယ်။
4-7-8 technique လို့ခေါ်တဲ့ အသက်ရှူနည်းက mindfulness လိုမျိုးပဲ။
ခန္ဓာကိုယ်ရဲ့ organ တွေ tissues တွေဆီကိုပါ အောက်စီဂျင်လုံလုံလောက်လောက်ရရှိစေပြီး တစ်နေ့တာကြုံတွေ့ရတဲ့ stressတွေ၊ စိတ်အညစ်အကြေးတွေကို အတိုင်းအတာတစ်ခုထိလျှော့ကျစေတဲ့ အကောင်းဆုံး relaxation method တစ်ခုပါပဲ။
4-7-8 technique ကို ဘယ်လိုလေ့ကျင့်ရမလဲ။
အရင်ဆုံး တိတ်ဆက်ငြိမ်သက်တဲ့နေရာ (ဒါမှမဟုတ်) ကိုယ့်အတွက် comfortable ဖြစ်တဲ့နေရာကို ရှာဖို့လိုတယ်။
ပြီးရင် သက်တောင့်သက်သာဖြစ်တဲ့ပုံစံနေဖို့လိုတယ်။
ပထမဆုံးအသက်ရှူတဲ့အခါ oxygen ကို ၄ စက္ကန့်ရှူသွင်းရပါမယ်။
နောက်ထပ်(၇)စက္ကန့်ကို လေရှုသွင်းရှုထုတ်မလုပ်ဘဲ ထိန်းထားရမယ်။
ပြီးရင်(၈)စက္ကန့်နီးပါးကြာအောင် အသက်ရှူထုတ်ရပါမယ်။ ရှုထုတ်တဲ့အခါ ပါးစပ်ကိုမဖြစ်မနေသုံးပြီး ရှူထုတ်ပါ။
ဒီလို 4-7-8 technique ကို ကိုယ်အချိန်ပေးနိုင်သလောက် လေ့ကျင့်လို့ရတယ်။
ကျွန်တောတို့ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် 4-7-8 အသက်ရှူနည်း technique ကို
ညဘက်အိပ်ခါနီး၊ မနက်စောစောထတဲ့အချိန်မျိုးမှာ မဖြစ်မနေ လေ့ကျင့်သင့်တယ်။
မိတ်ဆွေတို့ 4-7-8 breathing techniqueနဲ့ပတ်သက်ပြီး မေးချင်တာရှိရင် comment မှာဆွေးနွေးလို့ရပါတယ်။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta