February 14 မှာ chocolate သေချာပေါက်စားရမဲ့သူတွေရှိသလို မစားဖြစ်လိုက်တဲ့သူတွေလည်း ရှိကြမှာပါ။
ကိုယ်ချစ်ခင်ရတဲ့သူတွေကို chocolate ကျွေးပြီး ချစ်ခြင်းမေတ္တာကို ပြသတာအရေးကြီးသလို ကိုယ့်ကိုယ်ကို self-love ဖော်ပြတဲ့အနေနဲ့ ကိုယ်တိုင် chocolate စားဖို့လည်း လိုပါတယ်။
Chocolate စားတာက ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတဲ့နေရာမှာ အကျုံးဝင်သလို ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေလည်းအများကြီးရှိတယ်။
အထူးသဖြင့် dark chocolate က ဦးနှောက်ရဲ့ short-memory နဲ့ long-memory ကို boost လုပ်ပေးနိုင်သလို nerve, bloodနဲ့ oxygen functionကို အားကောင်းစေတယ်။
Chocolate က အမျှင်ဓာတ်ကြွယ်ဝတယ်။ fiber ဓာတ်က ပုံမှန်အားဖြင့် cholesterol ကိုလျှော့ချနိုင်သလို သွေးတွင်းသကြားဓာတ်နဲ့ weight management ကို ထိန်းချုပ်ပေးနိုင်တယ်။
Dark chocolate စားခြင်းက နှလုံးကျန်းမာရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေ၊ blood pressure တွေ လျှော့ချပေးနိုင်တယ်။
Dark chocolate မှာ ပါဝင်တဲ့ magnesium က ဆီးချိုရောဂါနဲ့ စိတ်ဖိစီးမှုတွေအတွက် အကျိုးပြုနိုင်သလို အရိုးကျန်းမာရေးကိုလည်း boost ပေးနိုင်တယ်။
Chocolate ရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေ အများကြီးရှိတဲ့အတွက် မိတ်ဆွေတို့ ချစ်ခင်ရတဲ့သူတွေ ပိုပြီးကျန်းမာတဲ့အခြေအနေကို ပိုင်ဆိုင်ဖို့ Chocolate ကျွေးဖို့ မမေ့သင့်သလို
ကိုယ်တိုင် chocolate စားဖို့ လိုတယ်နော်။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta