ဗီတာမင်တွေက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ်တွေဖြစ်ပြီး တစ်ခုခုချို့တဲ့တာနဲ့ ကျန်းမာရေးပြဿနာတွေပေါ်လာနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေက အရိုးအဆစ်တွေကြံ့ခိုင်စေဖို့၊ အနာတွေကျက်စေဖို့၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ထောက်ကူပေးသလို အစာကနေ ခွန်အားဖြစ်အောင်ပြောင်းလဲပေးတာ၊ ဆဲလ်တွေထိခိုက်ပျက်စီးမှုကိုပြန်လည်ပြုပြင်ပေးတာတွေအထိ အကျိုးပြုနေတာဖြစ်ပါတယ်။

ဗီတာမင်တွေများစွာရှိတဲ့ထဲကမှ လူတော်တော်များများရင်းနှီးကြတဲ့ Vitamin C အကြောင်းကို ပြောပြပေးချငိပါတယိ။

Vitamin C ကနေ ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့-

1. ဦးနှောက်နဲ့ အာရုံကြောကို သန်စွမ်းစေပါတယ်။

Vitamin C က ဦးနှောက်နှင့် အာရုံကြောဘက်မှာလည်း အားကိုးရပါတယ်။ အမေ့လွယ်တာတွေ၊ မှတ်နိုင်စွမ်းမကောင်းတာတွေကို ကုသပေးပါတယ်။ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

2. စိတ်ကျရောဂါမဖြစ်အောင် တားဆီးပေးပါတယ်။

ကျွန်တော်တို့ရဲ့ စိတ်အခြေအနေတွေကို ထိန်းချုပ်ပေးနိုင်တဲ့ Serotonin ဆိုတဲ့ဓာတ်ကို ထွက်လာအောင် Vitamin C က အားပေးပါတယ်။ Serotonin က ကျွန်တော်တို့ရဲ့ ပျော်ရွှင်တဲ့စိတ်၊ ဝမ်းနည်းတဲ့စိတ်၊ ကြောက်တဲ့စိတ်၊ ပူပန်တဲ့စိတ် စတဲ့ စိတ်ခံစားမှုတွေကို နေရာမှန်မှာပဲရှိအောင်၊ မလွန်ကဲလာအောင် ထိန်းချုပ်ပေးပါတယ်။ ဒါကြောင့် Vitamin C က စိတ်ကျရောဂါတွေ၊ စိတ်ရူးပေါက်သွားတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

3. ခန္ဓာကိုယ်ကို လှပစေပါတယ်။

Vitamin C ဟာ ကြွက်သားတည်ဆောက်မှုကို အားပေးပါတယ်။ Body building လုပ်မယ်ဆိုရင် Vitamin C ပြည့်ဝဖို့ လိုအပ်ပါတယ်။ ပြီးတော့ Vitamin C က ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို ခန္ဓာကိုယ်ထဲက အဆီတွေချေဖျက်တဲ့နေရာမှာ အသုံးလိုတဲ့အရည်တစ်မျိုးအဖြစ် ပြောင်းလဲပေးပါတယ်။

ဒါကြောင့် Vitamin C က ကိုလက်စထရောတွေကို ဖျက်စီးပေးတဲ့အပြင် အဆီကိုလည်း ချေဖျက်ပေးပါတယ်။ ဝိတ်ကျတာမျိုးအထိ မဖြစ်စေနိုင်ပေမယ့် body building အတွက် အကျိုးရှိပါတယ်။

ဒါ့ပြင် အသားအရည်လှပစေတယ်၊ ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့ကျစေတယ် စတဲ့အကျိုးကျေးဇူးတွေကိုလည်း ရနိုင်ပါတယ်။

ဗီတာမင်စီကို ဘယ်အစားအစာတွေကနေ ရနိုင်မလဲ?

ချဉ်တဲ့အရသာရှိတဲ့အသီးအနှံတွေက ဗီတာမင်စီကြွယ်ဝပါတယ်။ ဥပမာ- လိမ္မော်သီး၊ သံပုရာသီး၊ခရမ်းချဉ်သီး စတာတွေမှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်ပါတယ်။

ဗီတာမင်စီစားသုံးတာများသွားရင်တော့ ဗိုက်အောင့်တာ၊ ဝမ်းခဏခဏသွားတာမျိုးဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဗီတာမင်စီအားဆေးတွေကို လိုအပ်တာထက်ပိုပြီးစားသုံးတဲ့သူတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ဗီတာမင်စီကိုအတတ်နိုင်ဆုံး သဘာဝအစားအစာတွေကနေပဲ ရရှိအောင်လုပ်သင့်ပါတယ်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *