Vitamin C က body cell တွေကို ကာကွယ်ဖို့ ၊ connective tissues တွေဖြစ်ပေါ်လာစေဖို့ အများကြီး အထောက်အကူပြုတဲ့ vitamin ပါ။

ရောဂါကာကွယ်စေတဲ့အပြင် ကိုယ်ခံအားကောင်းစေတဲ့ vitamin လို့လည်း ပြောလို့ရတယ်။

Vitamin C ကို ခန္ဓာကိုယ်က မထုတ်လုပ်ပေးနိုင်တဲ့အတွက် ကိုယ့်ရဲ့ diet ဒါမှမဟုတ် ဖြည့်စွက်အစာ၊ဆေးကနေ လုံလုံလောက်လောက်ရရှိဖို့အရေးကြီးတယ်။

ဒါကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်မှာ Vitamin C ချို့တဲ့နေလားဆိုတာ သိဖို့ လိုအပ်တယ်။

ပုံမှန်အားဖြင့် Vitamin C လိုအပ်နေပြီဆိုရင်…

📌လက်မောင်း၊ ပေါင်ခြံစတဲ့နေရာတွေမှာ အဖုအပိမ့်ထွက်တာ

📌လက်သည်းမှာ အနီအစက်အပြောက်တွေ ဖြစ်လာတာ

📌အသားအရေခြောက်သွေ့ ပျက်စီးလွယ်လာတာ

📌အလွယ်တကူထိခိုက် ပွန်းပဲ့လွယ်ပြီး အနာကျက်တာ ကြာလာတာ

📌အရိုးအဆစ်တွေအားနည်းပြီး ခုခံအားနည်းလာတာ

📌သွားဖုံးသွေးယိုတာ ၊ သွားတွေ ပျက်စီးလာတာ

📌မလန်းဆန်းဘဲ စိတ်ဓာတ်ကျနေတတ်တာ

စတဲ့ လက္ခဏာတွေ ရှိလာတတ်တယ်။

Vitamin C ဓာတ် ရရှိဖို့ဆိုရင် ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ ကီဝီသီး၊ လိမ္မော်သီး စသည်ဖြင့် အသီးအနှံတွေ၊ အရွက်တွေကို စားသောက်သင့်တယ်။

Vitamin C က ခန္ဓာကိုယ်အတွက် မဖြစ်မရှိလိုအပ်တယ် ဆိုပေမဲ့…

“တန်ဆေး လွန်ဘေး” ဆိုသလို Vitamin C ကို လိုအပ်တာထက်ပိုပြီး မသုံးစွဲဖို့ ဆင်ခြင်ရပါမယ်။

ဒါကြောင့် vitamin C ကို ဖြည့်စွက်ဆေးဝါးအနေနဲ့ သောက်သုံးမယ်ဆိုရင် တတ်ကျွမ်းတဲ့သူနဲ့ မေးမြန်းဆွေးနွေးပြီးမှ သောက်ဖို့ အကြံပေးချင်ပါတယ်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *