လူတော်တော်များများက vitamin D ကို နေရောင်ခြည်ကနေရနိုင်တဲ့ vitamin လို့သိကြတယ်။

Vitamin D က က ခန္ဓာကိုယ်က fat အဆီကို ပျော်စေနိုင်တဲ့ vitamin ဖြစ်ပြီး…

🌟ခန္ဓာကိုယ်က အရိုးအဆစ်တွေသန်မာဖို့

🌟Mental health ကို ပိုပြီး ကောင်းမွန်ဖို့ အပြင်

🌟အိပ်ရေးနဲ့ပတ်သက်ပြီး အထောက်အကူပြုစေတဲ့အတွက်

မဖြစ်မနေလိုအပ်တဲ့ vitamin တစ်မျိုးလို့ပြောလို့ရတယ်။

ဒါဆို ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ vitamin D ချို့တဲ့နေလားဆိုတာ ဘယ်လိုသိနိုင်မလဲ….

📌မကြာခဏ မောပန်းနေတာ

📌အိပ်မပျော်န်ိုင်တာ

📌စိတ်မရွှင်ပြတာ

📌အစာစားချင်စိတ်မရှိတာ

📌အသားအရေဖျော့တော့နေတာ

📌အလွယ်တကူဖျားနာတတ်တာ

📌ကြွက်သားတွေ အင်အားနည်းလာပြီး အရိုးအဆစ်တွေ နာကျင်တာ

စတဲ့ အခြေအနေမျိုးကို မကြာခဏ ကြုံတွေ့နေရပြီဆိုရင် vitamin D ချို့တဲ့နိုင်တဲ့အတွက် သွေးစစ်ကြည့်ပြီး vitamin D ပမာဏကို စစ်ဆေးကြည့်သင့်တယ်။

Vitamin D ကိုဘယ်လိုအစားအစာတွေက ရနိုင်လဲ….

Vitamin D ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့

🌟ငါးကြီးဆီ

🌟ကြက်ဥအနှစ်

🌟Salmon ငါး

🌟မှို စတာတွေကို စားပေးခြင်းဖြင့်လည်း လိုအပ်တဲ့ vitamin D ကို ရရှိနိုင်တယ်။

မိတ်ဆွေတို့အားလုံး vitamin D အကြောင်း သိသွားမယ်လို့ မျှော်လင့်ပါတယ်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *