Covid နောက်ပိုင်းကနေစပြီး work from home လုပ်ရတဲ့ အလုပ်တွေရှိလာတဲ့အပြင် လူတွေတော်တော်များများကလည်း အိမ်မှာနေရင်း လုပ်လို့ရတဲ့ remote work တွေစိတ်ဝင်စားလာကြတယ်။
Work from home လုပ်လို့ကောင်းကျိုးတွေအများကြီးရှိသလို အားနည်းချက်တွေအနေနဲ့ healthy lifestyle တည်ဆောက်ဖို့ လိုအပ်တာ၊ လေ့ကျင့်ခန်း မလုပ်ဖြစ်တာမျိုး ရှိလာနိုင်တယ်။
ဒါကြောင့် work from home လုပ်တဲ့သူတွေ ကိုယ့်ရဲ့ ကျန်းမာရေးကြောင့် စိတ်မညစ်ချင်ရင်…
ကိုယ့်ကိုယ်ကို self- care လုပ်ဖို့ အချိန်ပေးသေချာသတ်မှတ်ပါ။
အလုပ်ချိန်ပြင်ပမှာ ကိုယ့်အတွက် mindfulness ရစေတာ၊ physical health ကို ပိုပြီးကောင်းလာစေတဲ့ activity မျိုး (ဒါမှမဟုတ်) ကိုယ့်ရဲ့အပေါင်းအသင်း မိသားစုတွေနဲ့ social interaction လုပ်ဖို့ အချိန်သေချာပေးဖို့ လိုတယ်။
လေ့ကျင့်ခန်းလုပ်ဖို့ မမေ့နဲ့။
ပုံမှန် office သွားရတဲ့အလုပ်မျိုးဆိုရင်တောင် နေ့စဉ်သွားလာလှုပ်ရှားရပေမဲ့ work from home မှာက လှုပ်ရှားသွားလာရဖို့ မရှိသလောက်ပဲ။ ဒါကြောင့် အိမ်မှာနေရင်း လေ့ကျင့်ခန်း မဖြစ်မနေလုပ်ဖို့ လိုတယ်။
ဒီနေရာမှာ လေ့ကျင့်ခန်းက productive ဖြစ်ရုံသာမကဘဲ idea အသစ်တွေ brainstorm လုပ်တဲ့အခါမှာလည်း creative ဖြစ်ဖြစ် စဉ်းစားနိုင်ဖို့ အထောက်အကူပြုတယ်။
မိတ်ဆွေက work from home လုပ်နေရတယ်ဆိုရင် productive workplace ရော healthy lifestyle ပါ ပိုင်ဆိုင်ဖို့ ဒီအချက်တွေကို မဖြစ်မနေလိုက်လုပ်ကြည့်သင့်တယ်။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta