

Digital Platforms တွေမှာ မျှဝေဖို့အတွက် ကွန်းတန့်တွေကိုဖန်တီးဖို့ဘဲဖြစ်ဖြစ်၊ ကြော် ငြာတွေအတွက် copy တွေကို ဖန်တီးဖို့ဘဲဖြစ်ဖြစ်၊ Branding နဲ့ Storytelling အတွက်ဘဲဖြစ်ဖြစ် မားကတ်တင်းမှာ ရေးသားမှုစွမ်းရည် ( Writing Skills ) သည်လည်း အခရာကျပါတယ်။
မားကတ်တင်းရဲ့ စာရေးသားမှုစွမ်းရည်လို့ပြောလိုက်ရင် Audience အကြောင်း ကောင်းမွန်စွာ နားလည်ဖို့အတွက်၊ တိကျရှင်းလင်းပြီး ပြတ်သားမှုရှိတဲ့ message တွေကို ပေးနိုင်ဖို့အတွက်နဲ့ customer တွေရဲ့ အပြုမူတွေကိုနားလည်နိုင်ဖို့အတွက် အရင်ဆုံးလေ့လာစမ်းစစ်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်ပေးချင်တဲ့အချက်လက်တွေကို မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ပုံစံနဲ့ ပေးပို့နိုင်မှာဖြစ်ပါတယ်။