.png)

nformation Technology (IT) ဆိုတာ နည်းပညာကို အသုံးချတဲ့ အရာ မှန်သမျှကို ရည်ညွှန်းပါတယ်။ IT မှာဆိုရင် ဒေတာ အချက်အလက်တွေ စီမံခန့်ခွဲတာ ၊ ကွန်ပျူတာ သိပွံ ၊ ကွန်ပျူတာ software အတွက် ညွှန်ကြားချက် ရေးသား ပြုစုသူတွေ စတာတွေ ပါဝင်ကြပါတယ်။
ပြောင်းလဲတိုးတက်လာတဲ့ ကမ္ဘာကြီးမှာ ဆိုရင် IT နဲ့ မပတ်သက်တဲ့ အရာဆိုတာ မရှိသလောက် ဖြစ်လာပါတယ်။မနက်ခင်း အိပ်ယာထ လို့ နှိုးတဲ့ alarm ကစလို့ စက်ရုံတွေမှာ သုံးတဲ့ engineering ပိုင်း အထိ ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာ နည်းပညာကို မှီခို အားထားရပါတယ်။
ကျွန်တော်တို့ အသုံးပြုတဲ့ IT application တိုင်းရဲ့ နောက်ကွယ် မှာ တကယ်တော်ပြီး ထက်မြက်တဲ့ IT နည်းပညာရှင်တွေ ရှိကြပါတယ်။နည်းပညာ IT နယ်ပယ်မှာဆိုရင်လဲ မေဂျာ အမျိုးမျိုး ရှိပါတယ်။
Computational Science, Cloud Computing, Data Systems, Security computer software , software programming စသဖြင့် ကိုယ် စိတ်ဝင်စားတဲ့ အပိုင်းကို ရွေးချယ်လေ့လာလို့ ရပါတယ်။