ဒီလို မညီမျှမှုတွေက တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံ တစ်ခုတည်း မဟုတ်ဘဲ တခြားသော ကမ္ဘာတစ်ဝန်းလုံးမှာ ဖြစ်ပွားနေတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဥရောပမှာတော့ တစ်ဒေါ်လာကို (၈၈) ဆင့် ရရှိပါတယ်။ အနည်းနဲ့ အများ ကွာခြားသွားပေမယ့် မညီမျှမှုတွေက မြင့်မားတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။

ဒီလို ငွေကြေးဆိုင်ရာ ကဏ္ဍတွေက အမျိုးသမီးတွေ နေရာယူနိုင်ဖို့အတွက် လိုအပ်နေတဲ့ ကဏ္ဍတွေထဲက သိသာတဲ့ အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့တွေက ဒီထပ်ပိုပြီး ကျော်လွန်နိုင်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။ 

စာရေးသူ Sheryl က လေ့လာချက်တွေ များစွာထဲမှာ အလုပ်ခွင်အတွင်း အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေကို မမျှတစွာ ဆုံးဖြတ်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒီလို ခွဲခြားဆက်ဆံမှု (discrimination) တွေက အမျိုးသားတွေကြောင့်ရော၊ အမျိုးသမီးတွေကြောင့်ရော နှစ်ခုစလုံးကြောင့် ဖြစ်နိုင်ပါတယ်။ 

ဒါ့အပြင် မိသားစုပတ်ဝန်းကျင်တွေနဲ့ ပေါင်းသင်းဆက်ဆံရေး relationships တွေမှာလည်း ဒီလို မမျှတမှုတွေ ရှိပါတယ်။ သင့်အနေနဲ့ ဘယ်နှစ်ကြိမ်လောက်များ အမျိုးသမီးတွေက အလုပ်ကနေ ထွက်ပြီး သူ့တို့ရဲ့ သားသမီးတွေကို ကိုယ်တိုင် ကြည့်ရှုစောင့်ရှောက်သင့်တယ်လို့ တွေးဖူးလဲ။ 

လေ့လာချက်တစ်ခုမှာတော့ ဒီလို မေးခွန်းမျိုးကို မေးခဲ့ပါတယ်။ “သင့်အနေနဲ့ သင့်ရဲ့ အမျိုးသား၊ ဒါမှမဟုတ် အမျိုးသမီးကို သူတို့ရဲ့ အလုပ်ကနေ ထွက်ပြီး သားသမီးတွေကို ကိုယ်တိုင် ထိန်းကျောင်း ပေးစေချင်လား” လို့ မေးခဲ့ပါတယ်။ 

အဖြေတွေကတော့ ထင်ထားတဲ့အတိုင်းပါပဲ။ 

အမျိုးသားတွေရဲ့ (၄၆) ရာခိုင်နှုန်းက သူတို့ရဲ့ အမျိုးသမီးတွေကို အလုပ်ကနေ ထွက်ပြီး သားသမီးတွေကို ကြည့်ရှုစောင့်ရှောက်စေချင်တယ်လို့ ဖြေခဲ့ကြပါတယ်။ အမျိုးသမီးတွေရဲ့ (၅) ရာခိုင်နှုန်းကသာ သူတို့ရဲ့ အမျိုးသားတွေကို ဒီလို အလားတူ အဖြစ်မျိုး ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။