Lean In (2013) စာအုပ်က အလုပ်ခွင်တွေနဲ့ နေအိမ်တွေမှာ ကျားမရေးရာ မညီမျှမှုတွေ ဖြစ်ပေါ် နေရတဲ့ အကြောင်းရင်းတွေကို ထုတ်ဖော်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ 

ဒီစာအုပ်ထဲမှာ အမျိုးသမီးတွေကို သူတို့ရဲ့ အလုပ်အကိုင်တွေမှာ အခွင့်အရေးတွေကို အရယူနိုင်ဖို့နဲ့ ခေါင်းဆောင်မှု နေရာတွေမှာ ပါဝင်လုပ်ဆောင်နိုင်ဖို့ လက်တွေ့ကျတဲ့ အချက်အလက်တွေ၊ အကြံဉာဏ်တွေကို ရှင်းလင်းပြောပြပေးထားပါတယ်။ 

ဒါ့အပြင် အမျိုးသားတွေရော၊ အမျိုးသမီးတွေရော အခုလက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ ကျားမရေးရာ မညီမျှမှုတွေကို သိရှိနိုင်အောင်၊ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နိုင်အောင် ဒီစာအုပ်ထဲမှာ ရှင်းပြ ပေးထားပါတယ်။ 

ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ 

ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။ 

မူရင်းစာရေးသူအကြောင်း 

Sheryl Sandberg က Facebook ရဲ့ CMO (chief operating officer) အရာရှိချုပ် တစ်ဦး ဖြစ်ပြီးတော့ ဒီမတိုင်ခင်က Google မှာ အွန်လိုင်း sales and operations ဌာနမှာ ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် Forbes မဂ္ဂဇင်းက ရွေးချယ်တဲ့ ကမ္ဘာပေါ်မှာ အထက်မြက်ဆုံး အမျိုးသမီး စာရင်းမှာ သူမကို နံပါတ် (၅) နေရာမှာ ဖော်ပြခဲ့ပါတယ်။