ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
2017 ခုနှစ်က ထွက်ရှိခဲ့တဲ့ Building a StoryBrand စာအုပ်ကတော့ ကိုယ့်ကုမ္ပဏီဒါမှဟုတ် ထုတ်ကုန်ကို ထိထိရောက်ရောက် Marketing လုပ်ဆောင်နိုင်ဖို့ လက်တွေ့ကျတဲ့ လမ်းညွှန်ချက်တွေကို ဖော်ပြထားပေးတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ Storytelling အတွက် လိုအပ်တဲ့ အပိုင်း ၇ ပိုင်းကို ဖော်ပြထားပေးပြီး ဖောက်သည်တွေ ဥပေက္ခာမပြုနိုင်တဲ့ Message တွေကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်အောင်နဲ့ ဖန်တီးနိုင်အောင် လမ်းညွှန်ထားပေးပါတယ်။
ဘယ်သူတွေဖတ်ဖို့လဲ?
Marketing လုပ်နေတဲ့သူတွေ
Storytellers တွေနဲ့
ခေါင်းဆောင်တွေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။