ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
Dare to Lead ဆိုတဲ့ ခေါင်းစဥ်အတိုင်း ကမ္ဘာတစ်လွှားမှာရှိတဲ့ ခေါင်းဆောင်တွေကို ရဲရဲရင့်ရင့် ဦးဆောင်နိုင်ဖို့ လမ်းပြပေးမဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဘဲဖြစ်ပါတယ်။ ဒီစာအုပ်မှာ နိုင်ငံမျိုးစုံက Managers တွေ Company Directors တွေ CEO တွေ အမေးအများဆုံးဖြစ်တဲ့ မေးခွန်းတစ်ခု - “Leader ကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမှာလည်း”။ စာရေးသူက ဒီမေးခွန်းကို တိကျတဲ့ အဖြေတစ်ခု ပေးခဲ့ပါတယ်။
Leader ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ အများထင်သလို အာဏာနဲ့ရာထူး အပေါ်မှာ မသက်ဆိုင်ဘဲ ခေါင်းဆောင်တစ်ဦးရဲ့ ပွင့်လင်းမြင်သာမှု၊ အမှန်တရားကိုဝန်ခံရဲတဲ့သတ္တိနဲ့သာ သက်ဆိုင်တယ်လို့ စာရေးသူက ဆိုပါတယ်။
ဒီ summary လေးထဲမှာတော့ vulnerability လို့ခေါ်တဲ့ ပွင့်ပွင့်လင်းလင်းရှိဖို့ကို ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ အလုပ်ခွင်ထဲမှာ ဘယ်လိုဖန်တီးယူလို့ရလဲဆိုတာကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။