စာအုပ်ကဘာအကြောင်းလဲ?
၂၀၀၂ မှာ ထုတ်ဝေခဲ့တဲ့ How to be an adult in relationships စာအုပ်ကတော့ ထိရောက်တဲ့ relationship တစ်ခုတည်ဆောက်နိုင်ဖို့ လမ်းညွှန်ချက်တွေကို ပြောပြပေးထား တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်က ကျွန်တော်တို့အားလုံး ပိုမိုပြီးတော့ ချစ်ခင်ကြင်နာလာတတ်စေဖို့၊ ချစ်ခြင်းမေတ္တာ ကိုပိုမိုပွင့်လင်းလာစေဖို့နဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ကျိုးအတွက်သာမက ပိုမိုကျယ်ပြန့်တဲ့ ကမ္ဘာကြီးအတွက်ပါအဓိက အာရုံစိုက်ရေးသားထားပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ သတိပဌာန်တရားတော် အရ၊ စာရေးဆရာ David Richo က သတိရှိတဲ့ ချစ်ခြင်း မေတ္တာတရားရဲ့ သဘောတရား ငါးခုနဲ့ ကျွန်တော်တို့ ဘဝ တစ်လျှောက်လုံးရဲ့ relationship မှာ ဒီသဘောတရား ငါးခုကို ဘယ်လိုအသုံးချနိုင်မလဲဆိုတာ ကိုစူးစမ်းလေ့လာခဲ့ပါတယ်။