Investing in People (2011) စာအုပ်က ကုမ္ပဏီတစ်ခု အောင်မြင်ဖို့အတွက် အဓိကကျတဲ့ ဌာနတစ်ခုဖြစ်တဲ့ လူသားအရင်းအမြစ် (human resources) အကြောင်း ရှင်းလင်းပြောပြပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ကုမ္ပဏီအများစုမှာ လူသားအရင်းအမြစ်ကို တန်ဖိုးမထားတာ၊ အလေးမထားတာမျိုးတွေ ရှိနေလေ့ ရှိပါတယ်။
ဒါပေမဲ့ ကုမ္ပဏီတစ်ခုရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးချင်တယ်၊ ဝန်ထမ်းတွေရဲ့ အလုပ် လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေချင်တယ်ဆိုရင် ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားတဲ့ ထိရောက်တဲ့ နည်းဗျုဟာတွေကို လိုက်နာကျင့်သုံး လုပ်ဆောင်နိုင်ပါတယ်။
ရှင်းလင်းပြီး လုပ်ဆောင်ဖို့ လွယ်ကူတဲ့ အဆင့်လေးဆင့် ပါဝင်တဲ့ နည်းလမ်းတွေက သင့်ရဲ့ HR နည်းဗျုဟာတွေကို ပိုမိုးတိုးတတ်လာစေပါလိမ့်မယ်။