ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
Leaders Eat Last စာအုပ်က အာရုံကြောဆိုင်ရာ ဓာတုပစ္စည်းတွေဖြစ်တဲ့ neurochemicals တွေက လူသားတွေရဲ့ စိတ်ခံစားမှုတွေ၊ လုပ်ဆောင်မှုတွေ အပေါ်မှာ ဘယ်လိုမျိုး လွှမ်းမိုးမှုတွေ ရှိနေကြတယ် ဆိုတဲ့ အကြောင်းနဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွေက ဘယ်လိုမျိုး အလုပ်လုပ်လုပ်ဆောင် နေကြတယ် ဆိုတဲ့ အကြောင်းတွေကို ရှင်းပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီလိုမျိုး ကွဲပြားခြားနားမှုတွေနဲ့ လုံခြုံစိတ်ချမှု (Safety) ကို ခံစားလိုတဲ့ စိတ်ခံစားချက်တွေကြောင့် ကျွန်တော်တို့ကို လမ်းညွှန်ပြသပေးဖို့၊ ဦးဆောင်ပေးဖို့အတွက် စစ်မှန်တဲ့ ခေါင်းဆောင်တွေကို လိုအပ်တယ် ဆိုတဲ့အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းလင်း ပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • စီအီးအိုတွေ၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ မန်နေဂျာတွေလိုမျိုး ခေါင်းဆောင်တွေ • ဒီနေ့ခေတ် ကျွန်တော်တို့ရဲ့ အပြုအမူတွေကို ဆင့်ကဲပြောင်းလဲလာစေတဲ့ ဇီ၀ဖြစ်စဉ်တွေက ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ ဖြစ်စေကြောင်း စိတ်ဝင်တစားနဲ့ သိချင်နေကြတဲ့သူတွေ • ခေါင်းဆောင်မှုဆိုင်ရာ နည်းလမ်းတွေကို သိချင်ကြတဲ့သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။