logoDreamLab

    Content Hub

    HomeExploreCategoryFree Library

    Connect

    HistorySaved

    Control

    Update Premium

    What's it about?

    Book Overview

    Recommended Books

    Organizational Behavior

    Organizational Behavior

    Pyae Phyo Maung
    102 pages
    17h 0m 0s
    Myanmar

    What's it about?

    Organizational Behavior
    Organizational Behavior

    Book Overview

    ဤစာအုပ်ဟာ Organizational Behavior ဘာသာရပ်ကို လေ့လာလိုသူများ၊
    အဖွဲ့အစည်းများ အကြောင်း၊ လူတွေရဲ့ အပြုအမူတွေ အကြောင်းကို စိတ်ပါဝင်စား သူ
    များ၊ လူမှုဗေဒ နဲ့ လူသားအရင်းအမြစ်စီမံခန့်ခွဲမှုပညာရပ်များကိုလေ့လာလိုက်စား သူ
    များ၊ စီးပွားရေး စီမံခန့်ခွဲမှုပညာရပ်ကို လေ့လာလိုက်စားလိုနေသူများ၊ လက်ရှိHR နယ်
    ပယ်တွင်လုပ်ကိုင်နေကြသူများ အတွက်ရည်ရွယ်ရေးသားပြုစုထားခြင်းပဲ ဖြစ်ပါ တယ်။
    စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (Master of Business Administration)သင်တန်းတွင်
    လေ့လာသင်ကြားခဲ့ရသည့် သင်ခန်းစာမှတ်စုများအပေါ် တွင်အခြေခံပြီး ပြုစုရေးသား
    ထားခြင်း ဖြစ်ပြီး ရေးသားပြုစုရသည့် ရည်ရွယ်ချက်မှာလည်း MBA တက်ရောက်ရန်
    လက်လှမ်း မမှီနိုင်သေးသည့် ပညာရှာမှီး လိုသူများ၊ Master, Diploma တန်းများကို
    မတက်ရောက်မှီ ကြိုတင် လေ့လာထားလိုသူများ၊ OB ဘာသာရပ်ကို စိတ်ဝင်တစား
    လေ့လာလိုသူများ ရှင်းလင်းလွယ်ကူစွာ လေ့လာနိုင်ရန်အတွက်ရေးသားပြုစု ထားခြင်း
    ပဲ ဖြစ်ပါတယ်။
    ဤစာအုပ်တွင်Organizational Behavior ဘာသာရပ် ၏ အခြေခံ သဘော
    တရားများ၊ OB နယ်ပယ်မှာ သတ်မှတ်ပေးထားတဲ့ မူဘောင် များ၊ စံသတ်မှတ်ချက်များ၊
    ဆက်နွယ်မှုများ၊ မိမိတို့အဖွဲ့အစည်းတွေမှာ လက်တွေ့ အသုံးချနိုင်မယ့် OB Model နဲ့
    ပတ်သတ်တဲ့ အကြောင်း အရာများ၊ လေ့လာဆန်းစစ်ရမယ့် အဆင့်များ၊ ချိတ်ဆက်
    အသုံးပြုရမယ့် လုပ်ငန်းစဉ်များ စတဲ့ အကြောင်းအရာများအပြင်၊ လူပုဂ္ဂိုလ်တစ်ဦးချင်း
    (Individual) အဆင့် မှာ လေ့လာရမည့် အကြောင်းအရာ များဖြစ်တဲ့ အဖွဲ့အစည်း
    အတွင်း လူတစ်ဦးအလိုက် ဖြစ်ပေါ်နေသော မတူကွဲပြားမှု အခြေအနေများ၊ လူတစ်ဦး
    ချင်းမှာ ဖြစ်ပေါ်နေတဲ့ မတူညီတဲ့ စိတ်သဘောထား အခြေ အနေများ၊ စိတ်ခံစားမှု နှင့်
    စိတ်အခြေအနေများ၊ မတူကွဲပြားတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ တန်ဖိုးထားမှု အခြေအနေ
    များ၊ လူတစ်ဦးချင်း၏ ရှုမြင်ပုံ ကွဲပြားမှုနှင့် ဆုံးဖြတ်ချက်ချမှု ပုံစံ ကွဲပြားခြားနားမှုများ၊
    ဝန်ထမ်းတစ်ဦးချင်းအလိုက်လှုံဆော်နိုင်မည့်သီအိုရီများ နည်းလမ်းများ စတဲ့ အကြောင်း
    အရာများကိုလည်း အကြောင်းအရာ တစ်ခုချင်း အလိုက် အသေးစိတ် ပြည့်ပြည့်စုံစုံ
    ဆွေးနွေးထားပါတယ်။ စာဖတ်သူများအတွက်OB ဘာသာရပ် ရဲ့အခြေခံသဘောတရား
    များနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်း အဆင့် သိရှိသင့်တဲ့ အကြောင်းအရာတွေ၊ တွေးပုံ ခေါ်ပုံ
    တွေကို အတိုင်းအတာတစ်ခုအထိရရှိနိုငအောင်ကြိုးစားပြုစုထားပါတယ်။
    ထိုသို့ရေးသားပြုစုရာမှာလည်း စာဖတ်သူများ ပိုမိုနားလည်လွယ်စေရန်ရည်
    ရွယ်ပြီး အင်တာနက်စာမျက်နှာမှရုပ်ပုံ၊ဓာတ်ပုံများအား သင်ထောက်ကူများအဖြစ်ဖော်
    ပြထားပါတယ်။ ထိုရုပ်ပုံ/ ဓာတ်ပုံများအား ဖန်တီး ခဲ့သူများကိုလည်း အသိအမှတ်ပြု
    ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါတယ်။
    ဤကဲ့သို့ စာအုပ်များပြုစုနိုင်ရန်တွက် သင်ကြားပြသပေးပါသော သင်ဆရာ၊
    မြင်ဆရာ၊ ကြားဆရာ များကိုလည်း ကျေးဇူး တင်ရှိပါကြောင်း ဤနေရာမှ ရိုသေစွာဖြင့်
    ဦးခိုက်ကန်တော့ ပန်းဆင်အပ်ပါတယ်။ ထို့အပြင်မိမိရေးသမျှစာများအား မငြီး မငြူ
    ဖတ်ပေး၊ ပြင်ပေးသည့် မိတ်ဆွေများ ကို လည်း ကျေးဇူးတင်ရှိပါတယ်။ အထူးသဖြင့်
    ဤစာအုပ် ဖြစ်မြောက်စေရေးအတွက် လမ်းပြကြသူများ၊ တိုက်တွန်းကြသူများ နှင့်
    ဝိုင်းဝန်းကူညီကြသူတစ်ဦးချင်း၊ တစ်ယောက်ချင်း စီတိုင်း ကို ကျေးဇူး ဥပကာရ တင်ရှိ
    ပါကြောင်း လေးစားစွာ မှတ်တမ်းတင်ဖော်ပြအပ်ပါ သည်။

    ချစ်ခြင်းများစွာဖြင့်
    ပြည့်ဖြိုးမောင်

    Recommended Books