ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
Reinvent Yourself (2016) စာအုပ်က သင့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ချည်းကပ် လုပ်ဆောင်တဲ့ နည်းလမ်းတွေကို ပြန်လည် ထိန်းညှိနိုင်စေဖို့အတွက်၊ အဆက်မပြတ် လန်းဆန်းတတ်ကြွစွာ လုပ်ကိုင် ဆောင်ရွက်နိုင်စေဖို့အတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ စာရေးသူ James Altucher က ဘီလီယံနာတွေ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေရဲ့ self-reinvention အနုပညာကို လက်တွေ့လိုက်နာ ကျင့်သုံးခဲ့ကြတဲ့ ဥပမာတွေကို သရုပ်ဖော် ရှင်းပြပေးထားပါတယ်။