ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
2023 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Start, Stay, or Leave စာအုပ်ထဲမှာ စိတ်ကျေနပ်စရာကောင်းပြီး အားရတဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်ကိုရရှိချင်တဲ့လူတွေအတွက် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ရဲ့ အဆင့်တိုင်းအတွက် လမ်းညွှန်ချက်တွေကို ဖော်ပြထားပေးပါတယ်။ဒီလိုကိုယ့်ဘဝနဲ့ ကိုက်ညီပြီး အားရကျေနပ်စရာကောင်းတဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်အကိုင်ကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ သတိရှိရမယ်၊ ကိုယ်တန်ဖိုးထားတဲ့ အရာတွေနဲ့ ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်ကို သေချာသတ်မှတ်ရမယ်။ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်မယ့် ရှင်းလင်းတဲ့ အစီအစဉ်တွေကို ဖန်တီးရမယ်လို့ ဆိုထားပါတယ်။