ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
၂၀၁၉ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ Stop Self-Sabotage စာအုပ်ကတော့ လူတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ တားဆီးထားတဲ့ အမူအကျင့်ဟောင်းတွေကို ရှာဖွေပြီး ကောင်းတဲ့အမူအကျင့်တွေနဲ့ အစားထိုးဖို့အတွက် အကောင်အထည်ဖော်လို့ရမယ့် အဆင့် (၆) ဆင့်ကို ဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ အလုပ်ဖြစ်တယ်လို့ သက်သေပြထားတဲ့ လေ့ကျင့်ခန်းတွေ၊ အကြံပြုချက်တွေနဲ့ လက်တွေ့ဘဝက ဥပမာတွေကို ဖော်ပြထားပေးပြီး လမ်းညွှန်ထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဘယ်သူတွေဖတ်ဖို့လဲ?
✅အချိန်ဆွဲတတ်တဲ့သူတွေ
✅ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တဲ့သူတွေနဲ့ စိတ်ဓာတ်တက်ကြွမှု မရှိတဲ့သူတွေနဲ့
✅မြန်မြန်နဲ့ ထိထိရောက်ရောက် ပြောင်းလဲနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတဲ့သူတွေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။