ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
The 5 AM Club စာအုပ်ကိုတော့ 2018 ခုနှစ်က ထုတ်ဝေခဲ့ပြီး ဒီစာအုပ်ထဲမှာ မနက်ထတိုင်းလုပ်တဲ့ လုပ်နေကျအလုပ်တွေ (Morning Routine) က ကျွန်တော်တို့ဘဝမှာ အကောင်းဆုံးရလဒ်တွေကို ပေးတယ်ဆိုတဲ့ အကြောင်းကို ဖော်ပြထားပေးပါတယ်။ ဒီစာအုပ်ထဲမှာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်၊ အနုပညာရှင်တစ်ယောက်နဲ့ ဘီလျံနာ သူဌေးကြီးတစ်ယောက် ဒီသုံးယောက်ရဲ့ ဇာတ်လမ်းနဲ့ ကျွန်တော်တို့ မနက်ထပြီး တစ်နာရီအတွင်းမှာလုပ်တဲ့ အလုပ်က ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေးတိုးတက်မှုတွေကို တိုးမြှင့်ပေးနိုင်ပြီး ဘဝကို အကောင်းဆုံးဖြစ်စေနိုင်တယ် ဆိုတာကို ဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။