ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
ကျွန်တော်တို့တော်တော်များများ ဘောလုံးနည်းပြတွေ၊ ဂီတနည်းပြတွေ၊ အိမ်အနားက ဆရာတွေ၊ အလုပ်က မန်နေဂျာတွေနဲ့ အလုပ်တူတူလုပ်ဖူးကြမှာပါ။တစ်ကယ်လို့ ကျွန်တော်တို့သာ ကံကောင်းမယ်ဆိုရင် ဒီနည်းပြတွေကြောင့် အလုပ်တာဝန်တစ်ခုမှာ ကျွန််တော်တို့ရဲ့ စွမ်းဆောင်ရည်တွေပိုကောင်းလာရုံတင်မကပဲ ကျွန်တော်တို့ကောင်းနိုင်သမျှ အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ အင်အားတွေကိုလည်း ဒီနည်းပြတွေကြောင့် ရရှိလာနိုင်ပါတယ်။ဒါပေမယ့် ဘဝမှာ ဒီလိုမျိုး Coach တွေနဲ့ ဆုံတွေ့ရနိုင်ခြေ တော်တော်လေး နည်းပါတယ်။ပြီးတော့ လုပ်ငန်းခွင်ဝင်နေတဲ့လူတော်တော်များများကလည်း Coaching က သူတို့ရဲ့ အလုပ်ကိုပိုကောင်းအောင် မကူညီပေးနိုင်ဘူးလို့ ဆိုကြပါသေးတယ်။ဒါကြောင့် တစ်ကယ်လို့ကိုယ်က မန်နေဂျာတစ်ယောက်ဖြစ်နေမယ်ဆိုရင် ကိုယ့်လက်အောက်ငယ်သားတွေကို ကိုယ်လုပ်ပေးလိုက်တဲ့ Coaching တွေကို အကျိုးထိရောက်အောင် ဘယ်လိုလုပ်လို့ရမလဲ?ဒီလို Coaching တစ်ခု အကျိုးထိထိရောက်ရောက်ရှိဖို့ဆိုရင် ပထမဆုံးအနေနဲ့ ကျွန်တော်တို့သိထားရမှာက Coaching လုပ်တာဟာ ကျွန်တော်တို့အတွက်လုပ်နေတာမဟုတ်ပဲ တစ်ခြားသူတွေအတွက် လုပ်ပေးနေတယ်ဆိုတာကို နားလည်ရပါလိမ့်မယ်။ဒီစာအုပ်ထဲမှာ Coaching နည်းလမ်းကို သုံးပြီး ကိုယ့်လက်အောက်ငယ်သားတွေကို ဘယ်လိုဦးဆောင်ရမလဲဆိုတာကို ဖော်ပြပေးထားပါတယ်။