logoDreamLab

    Content Hub

    HomeExploreCategoryFree Library

    Connect

    HistorySaved

    Control

    Update Premium

    What's it about?

    Book Overview

    Recommended Books

    The E-Myth

    The E-Myth

    Micheal E. Gerber
    20 pages
    6h 40m 0s
    Myanmar

    What's it about?

    Entrepreneurship
    Entrepreneurship

    Book Overview

    စာရေးသူ၏အမှာစာ

    The E-Myth ကိုစတင်ဖြန့်ချီခဲ့တာ ၁၅နှစ် ရှိပါပြီ။ ဒီ ၁၅နှစ် အတွင်း မှာ ကျွန်တော်  မိသားစု၊ စီးပွားရေး၊ ဘဝနဲ့ပတ်သက်ပြီး အများကြီး ဖြစ်သွားခဲ့ ပါတယ်။ ကောင်းတာတွေရော၊ ဆိုးတာတွေရောပေါ့။ Tales of Power ထဲမှာ Don Juan ပြောသွားတဲ့ "သာမန်လူနဲ့ စစ်သည်တော်တစ်ယောက်ကြား အဓိက ခြားနားချက်ကတော့ စစ်သည်တော်ဟာ အရာအားလုံးကို စိန်ခေါ်မှု လို့မြင်ပြီး သာမန်လူတစ်ယောက်ကတော့ ကောင်းချီးပေးမှု သို့မဟုတ် ကံဆိုး မှုလို့ သတ်မှတ်လိုက်တာပါပဲ။" ကျွန်တော့်ကို ကျွန်တော် သာမန်လူ တစ်ယောက်လို့ အပြစ်ရှိသလို မြင်လာပြီး စစ်သည်တော်တစ်ယောက်ဖြစ်ဖို့ ဘုရားသခင်က စွမ်းအားတွေပေးလိုက်သလိုပါပဲ။

    ဒီ ၁၅နှစ်မှာ ကျွန်တော် စီးပွားရေးနဲ့ ငွေရေးကြေးရေး အခက်ခဲတွေ ကြုံတွေ့ခဲ့ရသလို၊ ၁၆နှစ်ကြာ အိမ်ထောင်ရေးတစ်ခုကို ပျော်ရွှင်စရာကောင်း တဲ့ လက်တွဲဖော်အဖြစ် ကျွန်တော့်ရဲ့ဇနီး Ilene နဲ့ တည်ဆောက်နိုင်မှု၊ ကလေး နှစ်ယောက် Sam နဲ့ Alex Olivia ရဲ့ဖခင်ဖြစ်လာမှု (စုစုပေါင်း ကလေး ၅ယောက် ရှိသွားပြီဖြစ်ပြီး အငယ်ဆုံးက ၉နှစ်နဲ့ အကြီးဆုံးက ၃၈နှစ် ရှိပါပြီ)၊ ကျွန်တော့်သမီး Kim နှင့် သမက် John တို့ရဲ့ကျေးဇူးနဲ့ Sarah၊ Elijah၊ Noah၊ Hannah နှင့် Isaiah တို့ရဲ့ အဖိုးတစ်ယောက်ဖြစ်လာမှု၊ သြစတေးလျ၊ ကနေဒါ၊ စပိန်၊ နယူးဇီလန်၊ ဂျပန်၊ ပျူတိုရီခို၊ မက္ကဆီကို၊ အင်ဒိုနီးရှားနှင့် အမေရိကန်မှ မြို့ကြီးများကို သွားရောက်လည်ပတ်ကာ အသေးစားလုပ်ငန်းပိုင်ရှင်များနှင့် စကားပြောခွင့်ရခဲ့မှု စတဲ့ အောင်မြင်မှု တွေလည်းရရှိခဲ့ပါတယ်။

    အတိုချူံးပြောရရင်တော့ ဒီနှစ်တွေမှာ ရင်ခုန်စရာ၊ စိန်ခေါ်မှု၊ စိတ်ရှုပ်စရာ၊ ပင်ပန်းစရာ၊ ရောဂါဝေဒနာ ပျင်းစရာ၊ ဗဟုသုတအသစ်တွေနဲ့ ပြည့်ဝခဲ့ပြီး လူတစ်ယောက်အတွက် ဖြစ်သင့်တာ ဖြစ်ချင်တာ အကုန်ဖြစ်ခဲ့ ပါတယ်။ အထူးသဖြင့် ကျွန်တော်အသက်ရွယ်မှာ ခန္ဓာကိုယ်ကို ဒဏ်ရာရမှာ မကြောက်ပဲ နံရံကိုဝင်ဆောင့်ရတာ ကြိုက်တဲ့ လူတစ်ယောက်အတွက်တော့ ကျေနပ်စရာပါပဲ။

    ဒီစာအုပ်က လွန်ခဲ့တဲ့ ၁၅နှစ်ကရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ရေး ထားတာဖြစ်ပါတယ်။ The E-Myth Worldwide ကုမ္ပဏီကို စတင်တည် ထောင်ခဲ့တာ The E-Myth စာအုပ်မထုတ်ခင် ၈နှစ် လောက်ကဖြစ်ပြီး၊ The E-Myth စာအုပ်ရော၊ ဒီစာအုပ်ရောကိုဖတ်မယ့် စာဖတ်သူတွေ ကိုဝေမျှဖို့ အတွက် ကျွန်တော်ရဲ့ အတွေ့အကြုံတွေကို ရရှိခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။

    The E-Myth ကိုထုတ်ဝေပြီးနှစ်တွေမှာ စာဖတ်သူတော်တော်များ များ၊ အထူးသဖြင့် လုပ်ငန်းပိုင်ရှင် တော်တော်များများဟာ စာအုပ်ထဲက တစ်ချို့အချက်တွေကို သူတို့လုပ်ငန်းတွေမှာ အသုံးချဖို့အတွက် သေချာ ရှင်း ပြဖို့ လာမေးကြပါတယ်။ ဒီစာအုပ်က The E-Myth ထဲက မေးချင်တဲ့ မေးခွန်း တော်တော်များများကို အဖြေပေးနိုင်ပါလိမ့်မယ်။ အရင်စာဖတ်သူတွေရော၊ စာဖတ်သူအသစ်တွေအတွက်ပါ The E-Myth ရဲ့မူဝါဒတွေကို တိုးချဲ့ထား တာကိုမြင်တွေ့ စေနိုင်ပြီး သူတို့လုပ်ငန်းတွေကို အင်အားသစ်၊ အတွေးမြင် သစ်တွေနဲ့ လုပ်ကိုင်ဖို့မြင်လာစေမှာပါ။

    နိဂုံးအနေနဲ့ ကျွန်တော် အခန်းတစ်ခုစီမှာပါတဲ့ မူဝါဒတွေအ​ပေါ်မှာ ရှိတဲ့ အရေးကြီးတဲ့ မေးခွန်းတွေကို ကျွန်တော်နဲ့ နှစ်အနည်းငယ် အလုပ်တွဲ လုပ်ခဲ့တဲ့ Sarah (အမည်ရင်းမဟုတ်) ဆိုတဲ့ထူးချွန်တဲ့ မိန်းကလေး စကား ပြောပုံစံဖြင့်ရှင်းပြထားပါတယ်။ Sarah ရဲ့ စီးပွားရေး အတွေ့အကြုံ၊ စိတ်ရှည်မှု၊ ဉာဏ်ပညာထက်မြက်မှုနဲ့ စိတ်အားထက်သန်မှုတွေဟာ အသေး စားလုပ်ငန်းရှင်တော်တော်များများ ကြုံတွေ့နေရတဲ့ သူတို့စိတ်နဲ့ သူတို့ လုပ်ငန်းကို​ ပြောင်းလဲဖို့ စိန်ခေါ်မှုတွေကို အဖြေရှာတွေ့စေခဲ့ပါတယ်။ Sarah ရဲ့စိတ်ရှုပ်ထွေးမှုတွေနဲ့ ပုဂ္ဂိုလ်ရေးပြဿနာတွေကို ကျွန်တော်က E-Myth ရဲ့ ရှူထောင့်ကနေ စာဖတ်သူတွေအတွက် ဖော်ပြသွားမှာပါ။ Sarah ရဲ့မေးခွန်း တွေက ကျွန်တော်အတွက်စိတ်ဝင်စားစေသလိုမျိုး၊ စာဖတ်သူတွေအနေနဲ့ လည်းစိတ်ဝင်စားမယ်လို့ မျှော်လင့်နေပါတယ်။

    Sarah နဲ့မိတ်မဆက်ပေးခင်မှာ အသေးစားလုပ်ငန်းတွေနဲ့ သူတို့ ပိုင်ရှင်တွေအပေါ် အတွေး အမြင်တစ်ချို့ကို ဝေမျှပေးချင်ပါတယ်။

    အမေးများဆုံးမေးခွန်းကတော့ “အောင်မြင်တဲ့လုပ်ငန်းရှင်တွေမှာ တစ်ခြားလူတွေမသိတဲ့ လျှိုဝှက်ချက်ဘာရှိလဲ” ဆိုတာပါပဲ။

    လူအများစုယုံကြတာနဲ့မတူဘဲ ကျွန်တော့်အတွေ့အကြုံအရတော့ စီးပွားရေးမှာ ထူးချွန်တဲ့လူတွေဟာ၊ သူတို့သိတဲ့အရာကြောင့်မဟုတ်ဘဲ၊ သူတို့ရဲ့ပိုမိုသိရှိလိုတဲ့စိတ်ကြောင့်ပဲ။

    ကျွန်တော်တွေ့ရတဲ့ မအောင်မြင်တဲ့ လုပ်ငန်းအများစုရဲ့ ပြဿနာက သူတို့ပိုင်ရှင်တွေဟာ ဘဏ္ဍာရေး၊ စျေးကွက်ရှာဖွေရေး၊ စီးမံခန့်ခွဲမှုနဲ့ လုပ်ငန်း လည်ပတ်ပုံတွေကို မသိလို့မဟုတ်ပါဘူး။ ဒါတွေက သင်ရတာအရမ်းလွယ်ပါ တယ်။ အဓိကကတော့ သူတို့ဟာ သူတို့သိတယ် ဆိုတဲ့ အရာကို အရမ်း ကာကွယ်နေလို့ပါပဲ။ ကျွန်တော်မြင်ဖူးတဲ့ ထူးချွန်တဲ့ စီးပွားရေးပညာရှင် တွေဟာ ဘယ်လောက်ကုန်ကျပါစေ မှန်ကန်တဲ့အရာကိုလုပ်ဖို့ ဝန်မလေးကြ ပါဘူး။

    မှန်ကန်တဲ့အရာဆိုတာ စီးပွားရေးကိုပဲပြောတာမဟုတ်ပါဘူး။ အဲဒီ “မှန်ကန်တဲ့အရာ” ဆိုတာထဲမှာ မျှော်လင့်ချက်၊ အမြော်အမြင်၊ အဆုံးသတ်မှာ ကောင်းတာ ဖြစ်လာမယ်ဆိုတဲ့ အရာကိုဆိုလိုတာပါ။

    ကိုယ်ကျင့်ဝတ်ရှိရမယ်၊ စိတ်ဓာတ်ကောင်းရမယ်ဆိုတာ တစ်ကမ္ဘာ လုံး လက်ခံထားပါတယ်။

    ကျွန်တော် ထူးချွန်တယ်လို့ မြင်တဲ့လူအားလုံးဟာ သူတို့မှာ ဒါတွေရှိ တယ်လို့ ထုတ်မပြောပါဘူး။ သူတို့ဗီဇအရ ရှိနေတာတောင်၊ စကားလုံးတွေနဲ့ ထုတ်မပြောတတ်ကြပါဘူး။ ဒါပေမဲ့ အကုန်လုံးကအတူတူပါပဲ။ သူတို့ရဲ့ မျက်လုံး၊ ကိုယ်အမူအရာ ၊ အသံတွေမှာကြားမြင်နိုင်ပါ တယ်။

    တစ်ခြားတစ်ဘက်မှာတော့၊ “မြင့်မားတဲ့အရာတစ်ခု” ကို ရှာဖွေနေ တာမဟုတ်ပဲ၊ ကျွန်တော် မြင်ဖူးတဲ့အကောင်းဆုံးလူတွေကတော့ တိကျမှု၊ လက်တွေ့ကျမှု၊ စိတ်ကူးယဉ်မဆန်မှုတွေရှိပြီး သာမန်ဘဝရဲ့ မနှစ်မြို့ဖွယ် အမှန်တရားတွေနဲ့ ကြုံတွေ့နေရသူတွေသာ ဖြစ်ပါတယ်။ သူတို့ဟာ စီးပွားရေးဆိုတာ မြင့်မားတဲ့ပန်းတိုင်ကို အဆင့်ဆင့်ရယူဖို့ ကျရှုံးသွားတာနဲ့ မပြီးဆုံးသွားပဲ ဝယ်ယူသူနဲ့ရောင်းသူကြားက ဖုန်းပြောဆိုခြင်း၊ သင်္ဘောဆိပ် ကမ်း၊ ငွေရှင်းကောင်တာစတဲ့လုပ်ငန်းရဲ့ အသေးစိတ်တွေပေါ် မူတည်တယ် လို့ ယူဆထားကြပါတယ်။

    ကျွန်တော်မြင်ဖူးတဲ့ အောင်မြင်တဲ့လူတွေဟာလည်း မြင့်မားတဲ့ ပန်းတိုင်ကိုရောက်ပြီး စီးပွားရေးတစ်ခုအောင်မြင်ဖို့ သေးငယ်တဲ့အရာ၊ အရေးကြီးတဲ့အရာ၊ ပျင်းဖို့ကောင်းတဲ့ အရာတွေကို အလေးထားရမယ် ဆိုတာ နားလည်ကြပါတယ်။ (ဘဝမှာလည်းအတူတူပါပဲ)

    အဲဒီ ပျင်းဖို့ကောင်းပြီး အကြာကြီးလုပ်ရတဲ့အရာတွေကို ကောင်းမွန် တဲ့ အာရုံစိုက်မှုနဲ့ မလျှော့တဲ့ ဇွဲထားရှိပြီး မှန်မှန်ကန်ကန်လုပ်လိုက်တဲ့အခါ မသိမသာနဲ့ သင်လုပ်ဖူးတဲ့ စီးပွားရေးတွေထဲမှာ အအောင်မြင်ဆုံးဖြစ်လာပြီး အဆုံးသတ်မှာ လုပ်ငန်းရှင်ကို စိတ်ကျေနပ်မှုပေးပါလိမ့်မယ်။

    ဟုတ်ပါတယ်။ ကျွန်တော်တွေ့ဖူးတဲ့ အအောင်မြင်ဆုံး လုပ်ငန်းရှင် တွေဟာ အရာသေးသေးလေးတွေကို ကောင်းမွန်စွာ လုပ်ဆောင်တဲ့အခါမှာ ရရှိလာတဲ့ အကျိုးရလဒ်ကို အရမ်း ကျေနပ် ပီတိဖြစ်ရပါတယ်။

    အဲဒီကျေနပ်ပီတိဖြစ်မှုကို ဒီစာအုပ်ကရေးထားတာပါ။

    ဒီစာအုပ်ဟာ အောင်မြင်တဲ့လုပ်ငန်းတွေရဲ့တိုးတက်ပုံကို မပြီးဆုံးနိုင် သော စုံစမ်းမှုများ၊ ဆက်လက်လုပ်ဆောင်နေသော စစ်ဆေးခြင်း၊ ကမ္ဘာကြီး မှာရှိတဲ့ အံ့သြဖွယ်၊ မပြီးဆုံးနိုင်သော အံ့အားသင့်ဖွယ်၊ ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေသော သက်ရောက်မှုများနှင့် ဆက်ဆံနေရတယ်လို့ မြင်တဲ့ လူတွေအတွက် လမ်းညွှန်ဖြစ်ပါတယ်။

    သိသာတဲ့အချက်ဆိုပေမယ့် ဒီအောင်မြင်တဲ့ လုပ်ငန်းတစ်ခုရဲ့ တိုး တက်မှုကို စွဲလန်းတယ်ဆိုတာ အောင်မြင်မှုကို စွဲလန်းတယ်လို့ ပြောလို့ မရပါဘူး။

    ကျွန်တော်တို့ပုံမှန်တွေးနေကျ အောင်မြင်မှုနဲ့ မတူပါဘူး။ အဆုံးမှတ် ကို အောင်အောင်မြင်မြင်ရောက်သွားရင် လူတစ်ယောက်ဟာ “ငါလုပ်နိုင်ခဲ့ပြီ” လို့ပြောခွင့်ရပါတယ်။ ဒါပေမယ့် ကျွန်တော်အတွေ့အကြုံအရ အောင်မြင်တဲ့ လုပ်ငန်းတစ်ခု တိုးတက်မှုမှာ အဆုံးမှတ်ဟာ စမှတ်အသစ်တစ်ခုနဲ့ပဲ အစား ထိုးသွားတယ်။

    ဒါကြောင့် ဒီစာအုပ်ဟာ ဆုံးမှတ်တွေအကြောင်းမဟုတ်ဘဲ ပျော်ရွှင် ပင်ပန်းဖို့ကောင်းတဲ့ လုပ်ငန်းစဉ်၊ ကျွန်တော်တို့ရဲ့ အာရုံ၊ ယခုလက်ရှိနဲ့ နောင်​ဖြစ်ပေါ်လာမယ့် လူသားဆန်မှု သိစိတ်တို့ရဲ့ တိုးတက်ပုံအဆင့်ဆင့်တွေရဲ့ စမှတ်တွေအကြောင်းပါ။

    ကျွန်တော်တို့ စီးပွား​ရေးလုပ်ငန်းတွေဟာ ကျွန်တော်တို့ ကိုယ့်ကိုယ် ကို ဘာတွေသိပြီလဲ၊ ဘာတွေမသိသေးဘူးလဲ ဆိုတာပွင့်လင်းစွာ ချက်ချင်း တိုက်ရိုက်မြင်တွေ့စေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

    ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းဟာ “လမ်းကြောင်း” ဆိုတဲ့ စကား အတွက်ကောင်းမွန်တဲ့ ဥပမာဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

    ပညာရှင်တစ်ဦးက “သင့်ကိုယ်သင်သိပါ” လို့ ပြောဖူးပါတယ်။ ဒီလေး စားဖွယ်အဆိုမိန့်ကို သူတို့ရဲ့လမ်းကြောင်းကို ရှာဖွေနေတဲ့ စီးပွားရေးသမား တွေအတွက် သာယာဖြောင့်ဖြူးတဲ့ ခရီးလမ်းဖြစ်ပါစေလို့ ဆုတောင်းရင်း မှာလိုက်ချင်ပါတယ်။

    နောက်ထက်စကားတစ်ခွန်းမှာချင်တာကတော့ The Book of Survival ထဲမှာ Amthony Greenbank ဆိုမိန့်ထားတဲ့ “မဖြစ်နိုင်တဲ့ အခြေ နေမှာ ရှင်သန်ဖို့ ပြိုင်ကားမောင်းသူရဲ့ဖျတ်လတ်မှု၊ ဟာကျူလ်လီရဲ့ အားသန် မှု၊ အိုင်းစတိုင်းရဲ့ထက်မြက်မှုတွေမလိုပါဘူး။ ဘာလုပ်ရမလဲ သိဖို့ပဲလိုတာပါ”

    စာဖတ်သူတို့ကျေနပ်နှစ်သက်ပါစေ။

    Michael E. Gerber

    Santa Rosa, California

    ဇွန်လ ၂၀၀၁

     

    Recommended Books

    သူချမ်းသာကြွယ်ဝရေးလမ်းကြောင်း - အမြန်လမ်းကနေ ဘဝတစ်လျှောက်လုံး ချမ်းသာကြွယ်ဝဖို့ နည်းလမ်း

    သူချမ်းသာကြွယ်ဝရေးလမ်းကြောင်း - အမြန်လမ်းကနေ ဘဝတစ်လျှောက်လုံး ချမ်းသာကြွယ်ဝဖို့ နည်းလမ်း

    Amazing Beauty Content Creator (ABC)

    Amazing Beauty Content Creator (ABC)

    Passion-Based Digital Subscription Business (စိတ်အားထက်သန်မှုကို အခြေခံထားတဲ့ နည်းပညာလုပ်ငန်းများကို တည်ဆောက်ခြင်း)

    Passion-Based Digital Subscription Business (စိတ်အားထက်သန်မှုကို အခြေခံထားတဲ့ နည်းပညာလုပ်ငန်းများကို တည်ဆောက်ခြင်း)

    Entrepreneurship စွန့်ဦးတီထွင်မှုပညာ

    Entrepreneurship စွန့်ဦးတီထွင်မှုပညာ

    Recommended Books

    သူချမ်းသာကြွယ်ဝရေးလမ်းကြောင်း - အမြန်လမ်းကနေ ဘဝတစ်လျှောက်လုံး ချမ်းသာကြွယ်ဝဖို့ နည်းလမ်း

    သူချမ်းသာကြွယ်ဝရေးလမ်းကြောင်း - အမြန်လမ်းကနေ ဘဝတစ်လျှောက်လုံး ချမ်းသာကြွယ်ဝဖို့ နည်းလမ်း

    Amazing Beauty Content Creator (ABC)

    Amazing Beauty Content Creator (ABC)

    Passion-Based Digital Subscription Business (စိတ်အားထက်သန်မှုကို အခြေခံထားတဲ့ နည်းပညာလုပ်ငန်းများကို တည်ဆောက်ခြင်း)

    Passion-Based Digital Subscription Business (စိတ်အားထက်သန်မှုကို အခြေခံထားတဲ့ နည်းပညာလုပ်ငန်းများကို တည်ဆောက်ခြင်း)

    Entrepreneurship စွန့်ဦးတီထွင်မှုပညာ

    Entrepreneurship စွန့်ဦးတီထွင်မှုပညာ