ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
Grid ဆိုတာက လျှပ်စစ်ဓာတ်အားတွေ ဖြန့်ဖြူးပေးတဲ့ Power Plants တွေ၊ ဝါယာကြိုးတွေ၊ ဘက်ထရီတွေ၊ Utility Poles တွေ၊ Transformers တွေနဲ့ မီးစက်တွေ စတဲ့ ပစ္စည်းတွေအားလုံး ပေါင်းစည်းထားတဲ့ စွမ်းအင်ဖြန့်ဖြူးရေးဆိုင်ရာ အခြေခံအဆောက်အဦးကြီးဖြစ်ပြီး United States, Mexico နဲ့ Canada အနောက်ဘက်ခြမ်းကို လျှပ်စစ်ဓာတ်အားတွေ ဖြန့်ဖြူးပေးတဲ့ အဆောက်အဦးအကြီးကြီးတွေလိုမျိုး ဖြစ်ပါတယ်Grid တစ်ခု အလုပ်လုပ်ဖို့ဆိုရင် ပမာဏအရမ်းများတဲ့ စွမ်းအင်တွေလိုအပ်ပြီး ဒီစွမ်းအင်အတွက် နူးကလီးယား၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့၊ လောင်စာဆီ စတဲ့ စွမ်းအင်တွေကို အသုံးပြုလို့ရပါတယ်။ဒီနောက်ပိုင်းခုနှစ်တွေမှာ Grid အတွက် ပိုစမ်းသစ်တဲ့ စွမ်းအင်တွေ၊ အစားထိုးစွမ်းအင်တွေ အသုံးပြုဖို့အတွက် ခဏခဏ ကြိုးစားခဲ့ကြပေမယ့် ခန့်မှန်းလို့မရသလို ဆိုးဝါးလှတဲ့ ရာသီဥတုတွေကြောင့် ဓာတ်အားဖြန့်ဖြူးရေးပိုင်းမှာ စိန်ခေါ်မှုတွေ အများကြီးကြုံခဲ့ကြရပါတယ်။ဒီနေ့ခေတ်ရဲ့ Grid တွေကို ကောင်းကောင်းနားလည်နိုင်ဖို့ဆိုရင် ဟိုအရင်သမိုင်းမှာရှိခဲ့တဲ့ Grid တွေအကြောင်းကို အရင်နားလည်ထားမှ ရပါလိမ့်မယ်။