ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
ဟိုးရှေးရှေးတုန်းက ဘေဘီလုံမြို့တော်မှာ Arkad လို့ခေါ်တဲ့ အချမ်းသာဆုံး သူဌေးကြီးတစ်ယောက် ရှိခဲ့တယ်။တစ်ရက်လမ်းမှာ သူ့ငယ်သူငယ်ချင်းနှစ်ယောက်နဲ့ ဆုံတဲ့အခါ သူ့သူငယ်ချင်းနှစ်ယောက်က သူတို့မိသားစုတွေကိုတောင် အနိုင်နိုင်ရုန်းကန်နေရတဲ့အချိန်မှာ Arkad က ဘယ်လိုလုပ်ပြီးများ အရမ်းချမ်းသာနေရတာလဲလို့ မေးခဲ့တယ်။ဒီအချိန်မှာ Arkad က ပြုံးလိုက်ပြီး သူအရင်တုန်းကလည်း လူချမ်းသာတစ်ယောက်ဆီကနေ ချမ်းသာတဲ့ လျှို့ဝှက်ချက်ကို ဝန်ဆောင်မှုတစ်ခုနဲ့ လဲလှယ်ခဲ့ကြောင်း သူ့သူငယ်ချင်းနှစ်ယောက်ကို ပြောပြခဲ့တယ်။ဒီလျှို့ဝှက်ချက်ကတော့ “ကိုယ်ရှာလို့ရတဲ့ ငွေတစ်စိတ်တစ်ပိုင်းက ကိုယ့်အတွက်ပဲ ဖြစ်သင့်တယ်” ဆိုတာပါပဲ။ တစ်နည်းပြောရမယ်ဆိုရင် ကိုယ်ရတဲ့ ဝင်ငွေအကုန်လုံးကို မသုံးလိုက်သင့်ပဲ ဉာဏ်ပညာရှိရှိ ရင်းနှီးမြှုပ်နှံသင့်တဲ့အကြောင်းကို ဆိုလိုတာပါ။ဟိုးအရင်တုန်းကလည်း Arkad အနေနဲ့ ငွေလုံလုံလောက်လောက် စုဆောင်းမိသွားတဲ့အခါ ဒိုင်းကာလုပ်တဲ့သူကို အတိုးနဲ့ငွေချေးပေးခဲ့ပြီး သူ့ရဲ့စည်းစိမ်တွေကို စုဆောင်းခဲ့ပါတယ်.The Richest Man in Babylon စာအုပ်ကတော့ ဒီလိုဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရေးသားထားပြီး နောက်ထပ်လာမယ့် Key Ideas တွေထဲမှာ သစ်ပင်ခုတ်တဲ့လုပ်ငန်းမလုပ်တဲ့ သစ်ခုတ်သမားတွေကို ဘာလို့ပိုက်ဆံ မချေးပေးသင့်တာလဲ၊ ဘာလို့ ကံကောင်းခြင်းဆိုတာ ကြိုးစားအားထုတ်မှုကနေ ဖြစ်လာတာလဲ စတဲ့အကြောင်းအရာတွေကို ဖော်ပြထားပေးပါတယ်။